
ရန်ကုန် ဇန်နဝါရီ ၂၇
ရန်ကုန်မြို့တော် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဦးစီးကော်မတီ (၁/၂၀၂၂) အစည်းအဝေးကို ဇန်နဝါရီ ၂၆ ရက်က ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီရုံး အစည်းအဝေးခန်း၌ ပြုလုပ်သည်။
အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုး၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ မြို့တော်စည်ပင် သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးနှင့် တာဝန်ရှိသူများ တက်ရောက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရန်ကုန်မြို့တော်ကြီး ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မျှော်မှန်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ရန်ကုန်တိုင်းဒေသ ကြီး ကို စီးပွားရေးဖွံ့ဖြိုးတိုးတက်ပြီး သာယာသန့်ရှင်း လှပသော စည်းကမ်းပြည့်ဝလုံခြုံသည့် တိုင်းဒေသ ကြီးအဖြစ် အကောင်အထည်ဖော်နိုင်ရေးအတွက် လုပ်ငန်းကော်မတီအသီးသီးမှ တာဝန်ရှိသူများက အကြံပြု ကြိုးပမ်းဆောင်ရွက်ပေးကြရန် ပြောကြား သည်။
ထို့နောက် လုံခြုံရေးနှင့်စည်းကမ်းပြည့်ဝရေး၊ စိမ်းလန်းသာယာသန့်ရှင်းလှပရေး၊ စီးပွားဖွံ့ဖြိုး တိုးတက်ရေး၊ ကျန်းမာသန်စွမ်းရေး၊ ပြည်သူ့ရေးရာ ဝန်ဆောင်မှု စသည့်လုပ်ငန်းကော်မတီများမှ တာဝန် ရှိသူများက ကော်မတီအလိုက် ဆောင်ရွက်လျက်ရှိ သော လုပ်ငန်းစဉ်များနှင့် ဆက်လက်ဆောင်ရွက် မည့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြကာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ကော်မတီအလိုက် ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် ကော်မတီများ ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်ကြရန် ပြောကြား ခဲ့သည်။
ဆန်းကျော်ဦး(ပြန်/ဆက်)