ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီရုံးဝန်ထမ်းများအား ရွေ့လျားစစ်ဆေးရေးယာဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ စစ်ဆေး

 

ရန်ကုန်   ဇူလိုင်  ၂၅


ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီရုံး ဝန်ထမ်းများနှင့် မှီခိုသူများကို  ယနေ့နံနက်ပိုင်းက ကိုဗစ်-၁၉   ရောဂါပိုး ရှိ၊    မရှိ စစ်ဆေးခြင်းကို      ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ ဆောင်ရွက်သည်။

 


ရန်ကုန်မြို့တော်       စည်ပင် သာယာရေးကော်မတီရုံးရှိ ဝန်ထမ်း များသည်   အကြောင်းအမျိုးမျိုး ဖြင့် အများပြည်သူများနှင့်   ၂၄ နာရီ    အမြဲထိတွေ့နေရခြင်း၊ ဝန်ထမ်းအိမ်ရာများတွင် စုပေါင်း နေထိုင်ရခြင်းစသည့် အခြေအနေ များကြောင့် ရောဂါပိုးပျံ့နှံ့မှုအားအမြန်ဆုံးကာကွယ်၊ ထိန်းချုပ်နိုင် ရန် စစ်ဆေးပေးခြင်းဖြစ်ကြောင်း၊  ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီရုံးတွင် ဌာန ၁၈ ခု ရှိပြီး ဝန်ထမ်းပေါင်း ၈၀၀၀ ကျော် ရှိကြောင်း၊  ဇူလိုင် ၂၂ ရက်ကစ၍ ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊  မရှိကို လူတစ်ဦးလျှင် ငွေကျပ် ၁၅၀၀၀ နှုန်းဖြင့် စစ်ဆေးပေးခဲ့ရာ ဇူလိုင်၂၂ ရက်မှ ၂၄ ရက်အထိ  ပိုးတွေ့လူနာ ဝန်ထမ်း ၁၃ ဦး၊ မှီခို ၃၈ ဦး စုစု ပေါင်း၅၁ ဦးရှိခဲ့ကြောင်း။ 

 


အဆိုပါ ပိုးတွေ့လူနာများကို မအူကုန်း ကိုဗစ်ကုသရေးစင်တာသို့တိုက်ရိုက်ပို့ဆောင် ကုသပေး လျက်ရှိကာ  မအူကုန်းစင်တာတွင် လူနာဦးရေ  ၁၀၀ ကို ကုသပေးနိုင် ပြီး   အောက်ဆီဂျင်အခမဲ့ရရှိရေး ဆောင်ရွက်ထားကြောင်း ရန်ကုန် မြို့တော်       စည်ပင်သာယာရေး ကော်မတီ   (ဆက်ဆံ/ပြန်ကြား) ဌာနမှူး ဒေါက်တာတိုးအောင်က ပြောသည်။


အောင်မြင့် (ပြန်/ဆက်)