ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီပိုင် ပေ (၄၅ x ၁၅) ကြော်ငြာဘုတ်ကြီးများကို ငှားရမ်းခနှုန်းထား၏ ၅၀ ရာခိုင်နှုန်း လျှော့ချငှားရမ်းသွားမည်

 

ရန်ကုန်   နိုဝင်ဘာ  ၄


ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီပိုင်  ပေ (၄၅ x ၁၅ ) ကြော်ငြာဘုတ်ကြီးများကို  ငှားရမ်းခနှုန်းထား၏  ၅၀ ရာခိုင်နှုန်း လျှော့ချငှားရမ်းသွားမည်ဖြစ်ကြောင်း သိရသည်။

 


အဆိုပါ ကြော်ငြာဘုတ်ကြီးများတွင်  လုပ်ငန်းရှင်များ၏ စီးပွား ရေးကြော်ငြာများ တပ်ဆင်ကြော်ငြာနိုင်ရန်အတွက် နေရာအမျိုးအစား ပေါ် မူတည်၍ ငှားရမ်းခနှုန်းထားအသီးသီးဖြင့်  ငှားရမ်းဆောင်ရွက် လျက်ရှိရာ   ယင်း ပေ (၄၅ x ၁၅)  ကြော်ငြာဘုတ်ကြီးများကို မူလသတ်မှတ် ငှားရမ်းခ နှုန်းထား၏ ၅၀ ရာခိုင်နှုန်း လျှော့ချငှားရမ်း မည် ဖြစ်ကြောင်း၊  ငှားရမ်းလျှောက်ထားလိုပါက    အသေးစိတ်အချက် အလက်များကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊  စီမံရေးရာဌာနတွင်  စုံစမ်း၍  လျှောက်ထားနိုင်ပြီး  ငှားရမ်းလိုသည့်  ကြော်ငြာဘုတ်ကို    မြေပြင်ကွင်းဆင်းကြည့်ရှုကာ    စီမံရေးရာဌာန တွင်လည်းကောင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးများတွင် လည်းကောင်း၊ ငွေသွင်းချလန် ရယူ၍   မြို့တော်ဘဏ်၌  နေ့ချင်းပြီး အခွန်ငွေပေးသွင်း ၍ ကြော်ငြာတပ်ဆင်နိုင်ကြောင်း သိရသည်။                

                                        
သတင်းစဉ်