ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏  ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

 

 

နေပြည်တော်   ဇွန်   ၇
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီ၏  ၂၀၂၂  ခုနှစ်  မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကို  ယနေ့နံနက်ပိုင်းတွင်    ရန်ကုန်တိုင်းဒေသကြီး    မင်္ဂလာဒုံမြို့နယ်  ပျဉ်းမပင်ကျေးရွာရှိ လှော်ကားရေဝေရေလဲဒေသအတွင်း၌ ပြုလုပ် ရာ  ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်   ဦးစိုးသိန်း၊    ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး   ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့်အဖွဲ့ဝင်များ၊  ဌာန ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ကြည့်ရှုအားပေး
ဦးစွာ ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ရတနာတန်းဝင်ပင်ဖြစ်သည့်  မဟော်ဂနီပင်ကို   ဦးဆောင်စိုက်ပျိုးပေးကာ   ဌာနဆိုင်ရာများ၏ ပျိုးပင်များစိုက်ပျိုးနေမှုများကို ကြည့်ရှုအားပေးကြသည်။
ထို့နောက်  ရှင်းလင်းဆောင်၌   ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန်ဦးဗိုလ်ဌေးက မိုးရာသီ သစ်ပင်စိုက်ပျိုးမှု နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်က ရှင်းလင်းတင်ပြမှု အပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ကျွန်း၊ ပျဉ်းကတိုးနှင့် မဟော်ဂနီ စိုက်ပျိုး
ယနေ့ပြုလုပ်သည့်  ၂၀၂၂  ခုနှစ်  မိုးရာသီသစ်ပင်စိုက်ပျိုး ပွဲတော်၌ ရတနာတန်းဝင်ပင်ဖြစ်သည့် ကျွန်းပင် ၁၆၂၀၀၊ ပျဉ်းကတိုး ၅၄၀၀၊ မဟော်ဂနီ ၅၄၀၀ တို့ကို စိုက်ပျိုးခဲ့ကြောင်း သတင်းရရှိသည်။ 
သတင်းစဉ်