ရန်ကုန်မြို့တော် မဟာသင်္ကြန်မဏ္ဍပ်နှင့် ပြည်သူ့ရင်ပြင် လမ်းလျှောက်သင်္ကြန် စည်ကား

 

ရန်ကုန်    ဧပြီ    ၁၃


၁၃၈၄   ခုနှစ်  ရန်ကုန်မြို့တော် မဟာသင်္ကြန်မဏ္ဍပ်နှင့်  ပြည်သူ့ရင်ပြင်   လမ်းလျှောက်သင်္ကြန်ပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင်       အဆိုပါ အတာသင်္ကြန်မဏ္ဍပ်တို့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။  

 


ရန်ကုန်မြို့တော် မဟာသင်္ကြန် မဏ္ဍပ်   ဖွင့်ပွဲအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး   ဝန်ကြီး ချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ် ဌာနချုပ်တိုင်းမှူး     ဗိုလ်ချုပ် ဇော်ဟိန်း၊  လုံခြုံရေးနှင့်  နယ်စပ် ရေးရာဝန်ကြီး      ဗိုလ်မှူးကြီး ဝင်းတင့်၊ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေး      ဝန်ကြီး မြို့တော်ဝန်  ဦးဗိုလ်ဌေး၊ ရန်ကုန် တိုင်းဒေသကြီး      ဝန်ကြီးများ၊ ရန်ကုန်မြို့တော်       စည်ပင် သာယာရေးကော်မတီမှ       ဒုတိယ မြို့တော်ဝန်၊ အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး  ကော်မတီ ဌာနများမှ      ဝန်ထမ်းများနှင့် မိသားစုဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်  မိသားစုဝင် များ၊  မြန်မာနိုင်ငံရုပ်ရှင်အစည်း အရုံး၊    မြန်မာနိုင်ငံဂီတအစည်း အရုံး၊ မြန်မာနိုင်ငံသဘင်အစည်း အရုံးတို့မှ   တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော  ဧည့်သည် တော်များ တက်ရောက်ကြသည်။

 


ဦးစွာ   အလင်္ကာကျော်စွာ ဦးအောင်တင်ဝင်းက    နှစ်သစ် မင်္ဂလာဩဘာစာကို  ဖတ်ကြား သည်။
ထို့နောက် ရန်ကုန်တိုင်းဒေသ ကြီး ဝန်ကြီးချုပ်  ဦးစိုးသိန်းက နှစ်သစ်ကူး  နှုတ်ခွန်းဆက်စကား ပြောကြားသည်။

 


ယင်းနောက်   ၁၃၈၄   ခုနှစ် ရန်ကုန်မြို့တော်   မဟာသင်္ကြန် ရေသဘင်ပွဲတော်ကို    ရန်ကုန် တိုင်းဒေသကြီး     ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်း နှင့်         ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေးတို့က    ဖဲကြိုးဖြတ် ဖွင့်လှစ်ကြသည်။  

 


ဆက်လက်၍   တေးသံရှင် သန်းမြတ်စိုး၏    “မြူမှောင်ဝေ ကင်း”   သီချင်းနှင့်    တေးသံရှင် စိုးညီညီ၏    “နွေရတုပွဲတော်” သီချင်းတို့ဖြင့် ယိမ်းအဖွဲ့များက     ယိမ်းအကများဖြင့် ဖျော်ဖြေကြ သည်။

 


ထို့နောက် နံနက် ၈ နာရီတွင် ပြည်သူ့ရင်ပြင်      လမ်းလျှောက် သင်္ကြန်ပွဲတော်နှင့်  Royal-Apex  မဏ္ဍပ်ဖွင့်ပွဲကို ကျင်းပရာ  မြန်မာ အလှသက်သေ တေးသီချင်းဖြင့် စုပေါင်းယိမ်းအဖွဲ့မှ ကပြဖျော်ဖြေ ကြရာ    ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်  ဦးစိုးသိန်း၊  ရန်ကုန် တိုင်းစစ်ဌာနချုပ်      တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊    ရန်ကုန်မြို့ တော်ဝန် ဦးဗိုလ်ဌေးနှင့် ရန်ကုန် တိုင်းဒေသကြီး    ဝန်ကြီးများ၊ ဌာနဆိုင်ရာများမှ  တာဝန်ရှိသူ များ၊      မိသားစုဝင်များနှင့် ဖိတ်ကြားထားသော    ဧည့်သည် တော်များ၊ လမ်းလျှောက်သင်္ကြန် ကို ဆင်နွှဲကြသည့် ပြည်သူများက ကြည့်ရှုအားပေးကြသည်။ 

 


ယခုနှစ်    ရန်ကုန်မြို့တော် မဟာသင်္ကြန်ပွဲတော်     ဖွင့်ပွဲနှင့် လမ်းလျှောက်   သင်္ကြန်ပွဲတော် ကို  အထူးစည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်ခဲ့ပြီး မြန်မာ့ရိုးရာယဉ်ကျေး မှု နှစ်သစ်ကူးသင်္ကြန်ပွဲအကြိုနေ့၌ ရန်ကုန်မြို့ရှိ       ကန်တော်ကြီး ကန်ပတ်လမ်း၊     အင်းလျားကန်၊ စိမ်းလန်းစိုပြည်ဥယျာဉ်နှင့် ခရိုင်၊ မြို့နယ်တို့ရှိ      ရေကစားမဏ္ဍပ် အသီးသီးတို့၌ အတာရေသဘင် ပွဲတော်ကို ရန်ကုန်မြို့နေပြည်သူ များ      စည်ကားသိုက်မြိုက်စွာ ဆင်နွှဲကြကြောင်း သိရသည်။ 


ညိမ်းသူ
ဓာတ်ပုံ - လှမိုး၊ ဇော်မင်းလတ်