
ရန်ကုန် နိုဝင်ဘာ ၇
ယနေ့သည် တန်ဆောင်မုန်း လပြည့်နေ့ (သာမညဖလအခါ တော်နေ့)ဖြစ်သည်။ သာမညဖလ သုတ္တန် ဒေသနာတော် (ရဟန်းပြု ခြင်းအကျိုး)ကို ဗုဒ္ဓဘုရားရှင်က တန်ဆောင်မုန်းလပြည့် ညမြတ် တွင် ရာဇဂြိုဟ်ပြည့်ရှင် အဇာ တသတ်မင်းအား အကြောင်းပြု၍ ဟောတော်မူခဲ့ခြင်းကို သာသနာ့ မှတ်တိုင် စိုက်ထူသောအားဖြင့် တန်ဆောင်မုန်း လပြည့်နေ့ကို သာမညဖအခါတော်နေ့ အဖြစ် သတ်မှတ်ကျင်းပခဲ့ခြင်းဖြစ်သည်။ တန်ဆောင်မုန်း လပြည့်နေ့ကို ရှေးအခါက ကြယ်တာရာနက္ခတ် ပေါင်းစုံ ကွန့်မြူးသဖြင့် နက္ခတ် သဘင်အခါကာလဟု သတ်မှတ် ကာ နက္ခတ်တာရာများအား ဆီမီး ရောင်စုံဖြင့် ထွန်းညှိပသပူဇော် သော မီးထွန်းပွဲတော်ကို ကျင်းပခဲ့ ခြင်းလည်း ဖြစ်သည်။ သို့ရာတွင် ထေရဝါဒ ဗုဒ္ဓသာသနာထွန်းကား သော မိမိတို့ မြန်မာနိုင်ငံသည် ဆီမီးထွန်းခြင်းကို ဘုရားရှင်အား ပူဇော်ခြင်းအဖြစ် ပြောင်းလဲ ကျင်းပခဲ့ကြသည်။
ရွှေတိဂုံစေတီတော် ဘဏ္ဍာ တော်ထိန်း ဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် ၁၃၈၄ ခုနှစ် တန်ဆောင်မုန်း လပြည့်နေ့ (သာမညဖလ အခါတော်နေ့) အခမ်းအနားကို ယနေ့ နံနက် တွင် ရွှေတိဂုံစေတီတော်ရင်ပြင်ရှိ သတ်မှတ်နေရာများ၌ ကျင်းပ သည်။
ရှေးဦးစွာ ရွှေတိဂုံစေတီတော် ရင်ပြင် ဧည့်ခံတန်ဆောင်း၌ ဂေါပကအဖွဲ့ဝင်များ၊ ဝန်ထမ်းများ နှင့် ဘာသာရေးဝတ်အသင်းအဖွဲ့ များက စေတီတော်မြတ်ကြီးအား ဆွမ်း၊ ပန်း၊ ရေချမ်း၊ သစ်သီး၊ ဆီမီး အမွှေးနံ့သာများဖြင့် ကပ်လှူ ပူဇော်ကြသည်။
ရွှေကြာသင်္ကန်းများ ကပ်လှူပူဇော်
ထို့နောက် ဂေါပကအဖွဲ့ဝင် များ၊ ဘာသာရေးအသင်းအဖွဲ့များ နှင့် ဂေါပကရုံး ဝန်ထမ်းများ က ရွှေတိဂုံစေတီတော်မြတ်ကြီးရှိ ဗုဒ္ဓရုပ်ပွားတော်များအား ကပ်လှူ ပူဇော်မည့် ကထိန်ရွှေကြာသင်္ကန်း များ ကိုင်ဆောင်၍ စေတီတော် မြတ်ကြီးအား လက်ယာရစ် တစ်ပတ် လှည့်လည်ပူဇော်ပြီး အာရုံခံတန်ဆောင်း မုခ်လေးမုခ် ရှိ ကကုသန္ဓ၊ ကောဏာဂမန၊ ကဿပ၊ ဂေါတမမြတ်စွာဘုရား များနှင့် အထက်ပစ္စယံရှိ ပတ္တမြား မျက်ရှင် ရုပ်ပွားတော်တို့အား ကထိန်ရွှေကြာ သင်္ကန်းများ ကပ်လှူပူဇော်ကြသည်။
ယင်းနောက် ရွှေတိဂုံစေတီ တော် ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့ ဩဝါဒါစရိယ ဆရာတော် ကြီးများထံမှ သာမညဖလအခါ တော် နေ့ဆိုင်ရာ တရားတော်များ နာကြားခြင်းနှင့် ရေစက်ချ အခမ်း အနားကို ရင်ပြင်တော်ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း ၌ ဆက်လက်ကျင်းပရာ နိုင်ငံ တော်ဩဝါဒါစရိယ၊ ရွှေတိဂုံစေတီ တော် ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့၏ ဩဝါဒါစရိယ၊ အဘိဓဇ မဟာရဋ္ဌဂုရု အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ ပါဠိတက္ကသိုလ် ညောင်တုန်း ကျောင်းတိုက် ပဓာန နာယက ဆရာတော် ဘဒ္ဒန္တပဝရာဘိဝံသ ထံမှ ဧည့်ပရိသတ်အပေါင်းတို့က ကိုးပါးသီလခံယူ ဆောက်တည်ကြ သည်။
ထို့နောက် ဩဝါဒါစရိယ ဆရာတော်ကြီးများအား ဘဏ္ဍာ တော်ထိန်းဂေါပက အဖွဲ့ဝင်များ က လှူဖွယ်ဝတ္ထုများ ဆက်ကပ် လှူဒါန်းကြသည်။
ယင်းနောက် ရွှေတိဂုံစေတီ တော် ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့၏ ဩဝါဒါစရိယ တိပိဋက ဓရ - တိပိဋကကောဝိဒ ရွေးချယ် ရေးအဖွဲ့ဩဝါဒါစရိယ တိပိဋက ဓရ - ဓမ္မ ဘဏ္ဍာဂါရိက အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တဝါယာမိန္ဒာဘိဝံသ (ရေစကြိုဆရာတော်) ထံမှ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်ချ အနုမောဒနာတရား နာကြား၍ ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။
ထို့နောက် ဩဝါဒါစရိယဆရာ တော်ကြီးများအား ဂေါပကအဖွဲ့ ဝင်များက နေ့ဆွမ်း ဆက်ကပ် လှူဒါန်းကြသည်။
ညပိုင်းတွင် ရွှေတိဂုံစေတီ တော်မြတ်ကြီးအား ဆီမီးများ ထွန်းညှိပူဇော်ထားမှုကို ကြည်ညို သပ္ပာယ်စွာ ဖူးတွေ့သည်။
ဗိုလ်တထောင်စေတီတော်
ထို့အတူ ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦး စေတီ တော်၏ (၃၈) ကြိမ်မြောက် မသိုး ရွှေကြာသင်္ကန်း ဆက်ကပ်လှူဒါန်း ပွဲနှင့် သင်္ဂါယနာသာသနာ့ သမိုင်းဝင် သီရိမင်္ဂလာ ကမ္ဘာအေး စေတီတော်ကြီး၏ ဗုဒ္ဓါဘိသေက အနေကဇာတင်ပွဲနှင့် အန္တရာယ် ကင်း ပရိတ်တော်များ ရွတ်ဖတ် ပူဇော်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါ စေတီ တော်များတွင် ကျင်းပသည်။
အလားတူ မဟာဝိဇယစေတီ တော်၊ ဆူးလေစေတီတော်၊ဝရဒါဌာ ဓာတုစေတိယ စွယ်တော်မြတ် စေတီတော် (ရန်ကုန်)၊ မင်းဓမ္မ ကုန်းရှိ လောကချမ်းသာအဘယ လာဘမုနိ ဗုဒ္ဓရုပ်ပွားတော်မြတ် ကြီး၊ ရှေးဟောင်းသမိုင်းဝင် အပရာဇိတဆံတော်ရှင် ကျိုက် ဝိုင်းစေတီတော်၊ ငါးထပ်ကြီး ဘုရား၊ ခြောက်ထပ်ကြီးဘုရား၊ ရွှေဘုန်းပွင့်စေတီတော်၊ ကိုးထပ် ကြီးဘုရား၊ သမိုင်းဝင်ကျိုက္ကစံ ဆံတော်ရှင်စေတီတော် နှင့် ဆုတောင်းပြည့် မယ်လမုစေတီ တော်တို့တွင်လည်း ဂေါပက အဖွဲ့ဝင်များက ကြီးမှူး၍ ယနေ့ နံနက်ပိုင်းက စေတီတော်နှင့် ဗုဒ္ဓရုပ်ပွားတော်များအား ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ သစ်သီးတို့ဖြင့် ကပ်လှူပူဇော်ကြပြီး ဂေါပက အဖွဲ့ဝင်များ၊ ဘာသာရေးအသင်း အဖွဲ့များက တန်ဆောင်မုန်း လပြည့်နေ့ (သာမညဖလ အခါ တော်နေ့) အခမ်းအနားများကို ကျင်းပ၍ သာမညဖလသုတ္တန် ဒေသနာတော်များကို ရွတ်ဖတ် ကာ မေတ္တာပို့ဆုတောင်းကြသည်။
တန်ဆောင်မုန်း လပြည့် (သာမညဖလအခါတော်နေ့)တွင် တစ်နိုင်ငံလုံးရှိ ဘုရားစေတီများ၌ မသိုးရွှေကြာသင်္ကန်းများ ကပ်လှူ ပူဇော်ခြင်းများ သာမညဖလ အခါတော်နေ့ ပူဇော်ပွဲ အခမ်း အနားများ၊ ဆွမ်းတော်ကြီးတင်လှူ ပူဇော်ပွဲများ၊ ဗုဒ္ဓဒေသနာတော် ရွတ်ဆိုပူဇော်ပွဲများနှင့် စုပေါင်း မဟာဘုံကထိန် အလှူပွဲများကို စည်ကားသိုက်မြိုက်စွာ ကျင်းပ ကြသည်။
မီးထွန်းပွဲတော်ဆင်နွှဲ
တန်ဆောင်မုန်း လပြည်နေ့ မီးထွန်းပွဲတော်တွင် ရုံးများ၊ ရပ်ကွက်အလိုက်၊ လမ်းအလိုက် လျှပ်စစ်ရောင်စုံမီးအလှများ၊ ဆီမီး ခွက်များ၊ ဖယောင်းတိုင်မီးများဖြင့် မီးထွန်းပွဲတော်ကို မြိုင်မြိုင် ဆိုင်ဆိုင် ဆင်နွှဲကြသည်။ နေအိမ် များ၌လည်း ဆီမီးထွန်းခြင်း၊ ဖယောင်းတိုင်မီးထွန်းခြင်းတို့ကိုလည်း ပြုလုပ်ကြပြီး လမ်းအလိုက် နိဗ္ဗာန်ဈေးပွဲတော်များကို ကျင်းပ ကြရာ အလှူရှင်များ၊ အားပေး သုံးဆောင်သူများဖြင့် အထူးပင် စည်ကားလျက်ရှိသည်။
ထို့အတူ ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်၊ မဟာဗန္ဓုလ ပန်းခြံနှင့် အချက်အချာကျသည့် နေရာများတွင် ရောင်စုံမီးအလှ များကို ပုံစံမျိုးစုံဖြင့် မီးရောင်စုံများ ထွန်းညှိထားကြသည်။
သတင်း- ကိုကိုဇော်၊ ကျော်စိုးဝင်း
ဓာတ်ပုံ-လတ်လတ်(သတင်းစဉ်)