ရန်ကုန်မြို့ရှိ အမေရိကန်သံအမတ်ကြီးထံသို့ မြန်မာပြည်သူတစ်ဦး၏အိတ်ဖွင့်ပေးစာ

Type
၅

 

မြန်မာနိုင်ငံသားတစ်ဦး

ကျွန်တော်ကတော့ မြန်မာပြည်သူတစ်ဦးပါ။ US-ASEAN ၏ ပြောရေးဆိုခွင့်ရှိသူ Mr. Jason Seymour နှင့် သံအမတ်ကြီးတို့ရဲ့ ပြောကြားချက် ဗီဒီယိုဖိုင်ကို မြင်တွေ့ခဲ့ရပြီး မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအရေးကိစ္စမှာ အမေရိကန်နိုင်ငံရဲ့ ရပ်တည်ဆောင်ရွက်ချက်တွေက လမ်းကြောင်းလွဲနေပြီး မြန်မာနိုင်ငံမှာ အကြမ်းဖက် မှုတွေ ပိုမိုဖြစ်ပွားအောင် လုပ်နေတယ်လို့ ခံစားရတဲ့ ပြည်သူတစ်ယောက်အနေနဲ့ စာရေးသား ပေးပို့ရခြင်း ဖြစ်ပါတယ်။ ယခုစာဟာ မိမိရဲ့ပုဂ္ဂိုလ်ရေးအမြင်သာ ဖြစ်ပါတယ်။ 
 

 

လက်ရှိ       နိုင်ငံအတွင်းမှာ      နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီကိုဆန့်ကျင်နေတာ NUG၊ PDF နဲ့ အကြမ်းဖက်အုပ်စုတွေသာဖြစ်ပြီး မြန်မာပြည်သူ အားလုံး မဟုတ်ပါဘူး။ ပြည်သူအများစုလိုလားတဲ့        ပါတီစုံဒီမိုကရေစီစနစ်ကို  နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီက မယိမ်းယိုင်အောင် ထိန်းကျောင်း ပေးနေတာ  မိမိတို့ပြည်သူအများစုက  နားလည် ကြသလို  လက်ရှိအချိန်မှာ  ပြည်သူအများစုဟာ တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်တဲ့  နိုင်ငံတစ်ခု ကိုသာ  လိုလားနေတယ်ဆိုတာကိုလည်း  သိစေလို ပါတယ်။

 


အကြမ်းဖက်ဝါဒကို အားပေးနေ


“ဘုံသဘောတူညီချက် ၅ ရပ်ကို သိသာထင်ရှား တဲ့ တိုးတက်ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ ပျက် ကွက်ခဲ့လို့” ဆိုပြီး  အကြောင်းရှာကာ   အာဆီယံ ထိပ်သီးအစည်းအဝေးတွေမှာ  နိုင်ငံရေးနဲ့ဆိုင်တဲ့ ပုဂ္ဂိုလ်မတက်ရဘူးဆိုပြီး ကန့်သတ်နေတာထက် လက်ရှိ ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုတွေ ရပ်တန့် ဖို့ကို    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ အကြမ်းဖက်မှု  တန်ပြန်တိုက်ဖျက်ရေးစစ်ဆင်ရေး တွေနဲ့  တည်ငြိမ်အေးချမ်းအောင်  အတတ်နိုင်ဆုံး ကြိုးစားနေတာကို    အသိအမှတ်ပြုသင့်ပါတယ်။ ဒါဆိုဘာလို့ အကြမ်းဖက်မှုတွေ ဆက်ဖြစ်နေတာလဲ ဆိုရင်တော့ ယခုလိုအကြမ်းဖက်မှုတွေကို ထောက်ပံ့ အားပေးနေတဲ့သူတွေ ရှိနေလို့ပဲ ဖြစ်ပါတယ်။ NUG၊ PDF  အဖွဲ့တွေရဲ့  လုပ်ရပ်တွေက  ဘယ်နိုင်ငံမှာမှ လက်မခံနိုင်တဲ့     အကြမ်းဖက်လုပ်ရပ်တွေဆိုတာ  ဘယ်လိုမှ ငြင်းလို့မရနိုင်ပါဘူး။ အဲဒီလို အကြမ်းဖက် လုပ်တဲ့အဖွဲ့တွေနဲ့      ထိတွေ့ဆက်ဆံနေတာဟာ အကြမ်းဖက်ဝါဒကို  အားပေးနေခြင်းလို့ပဲ  မြင်ပါ တယ်။

 


နောက်တစ်ချက်က ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်တဲ့နေရာမှာလည်း လက်ရှိ အစိုးရအနေနဲ့ အကြမ်းဖက်မှုတွေ   ရပ်တန့် ပြီး တည်ငြိမ်အေးချမ်းအောင်  လုပ်ဆောင်နေတာ၊ အကြမ်းဖက်မှုကျူးလွန်သူ၊ လှုံ့ဆော်သူတွေကလွဲလို့ အခြား ပြစ်မှုကျူးလွန်ထားသူတွေကို  ပြစ်ဒဏ်မှ လျှော့ချပေးတာ၊  လွတ်ငြိမ်းချမ်းသာခွင့်ပေးတာ၊ အာဆီယံလူသားချင်းစာနာထောက်ထားမှု  အကူ အညီတွေရယူရေးတို့မှာ ပူးပေါင်းဆောင်ရွက်နေတာ တွေရှိပါတယ်။ ဒါတွေကို မျက်ကွယ်ပြုပြီး သံအမတ် ကြီးတို့ တွေ့စေချင်တဲ့သူကို မတွေ့ရတာနဲ့ ဘာမှ ဖြစ်ပေါ်တိုးတက်မှုမရှိဘူးဆိုပြီး ပြောဆိုတာတွေ ကလဲ ကိုယ်လိုရာဆွဲပြောပြီး အနိုင်ကျင့်ဖိအားပေး သလို ဖြစ်နေပါတယ်။

 


မီးစာထိုးပေးသလို ဖြစ်နေ


ဒါ့အပြင် ဘက်လိုက်ရေးတတ်တဲ့ မီဒီယာတွေရဲ့ ရေးသားဖော်ပြချက်တွေကို ကြည့်ပြီး NUG၊ PDF တို့ကို ပြည်သူတစ်ရပ်လုံးက ထောက်ခံနေတဲ့ပုံစံနဲ့ ပုံဖော်ပြီး  ထိတွေ့ဆက်ဆံပြတာ၊  နိုင်ငံတကာမှာ သူတို့ရဲ့ပုံရိပ်ကို မြှင့်တင်ပေးဖို့ ကြိုးစားနေတာတွေ ကလည်း  အကြမ်းဖက်မှု   လုပ်ဆောင်နေသူတွေကို ကာကွယ်ပေးသလိုဖြစ်ပြီး   မြန်မာနိုင်ငံအတွင်းမှာ အကြမ်းဖက်မှုတွေ ပိုမိုဖြစ်ပေါ်လာဖို့ မီးစာထိုးပေး သလို   ဖြစ်နေတယ်ဆိုတာ   ပြောချင်ပါတယ်။ နိုင်ငံတစ်ဝန်းလုံးမှာ NUG၊ PDF နဲ့ NLD အစွန်းရောက် တွေဟာ သူတို့ကို မထောက်ခံလို့၊ သူတို့နဲ့မပူးပေါင်း လို့ဆိုပြီး သာမန်အပြစ်မဲ့ပြည်သူတွေကို ရက်ရက် စက်စက်သတ်ဖြတ်တာ၊  ဗုံးခွဲတာ၊  မီးရှို့တာတွေ ကဲ့သို့ အကြမ်းဖက် တိုက်ခိုက်မှုပေါင်း ၇၀၀၀ ကျော် ကျူးလွန်ခဲ့ပြီး လူပေါင်း ၃၀၀၀ နီးပါး  သေဆုံးခဲ့ ရပါတယ်။ အဲဒီ အရေအတွက်ဟာ သာမန်အရပ်သား ပြည်သူတွေ သက်သက်သာဖြစ်ပါတယ်။ NUG နဲ့ PDF တွေကို ပြည်သူတစ်ရပ်လုံးက အမှန်တကယ် ထောက်ခံပါတယ်ဆိုရင်   ဒီလို   အကြမ်းဖက်မှု တွေ၊ သေဆုံးမှုတွေ  ရှိလာစရာအကြောင်း မရှိဘူး ဆိုတာ အင်မတန်သိသာထင်ရှားပါတယ်။ သူတို့ကို မထောက်ခံတဲ့သူ၊ သူတို့နဲ့   အမြင်မတူတဲ့သူတွေ ရှိနေလို့သာ ငါနဲ့မတူ ငါ့ရန်သူဆိုတဲ့စိတ်နဲ့ ကိုယ့်ကို မထောက်ခံတဲ့သူတွေရဲ့အသံ      မထွက်ရဲအောင် ဥပဒေမဲ့အကြမ်းဖက်တိုက်ခိုက်၊     သတ်ဖြတ်ပြီး တစ်နိုင်ငံလုံးကို ဖျက်ဆီးဖို့  လုပ်နေကြတာ  ဖြစ်ပါတယ်။

 


သံအမတ်ကြီးပြောခဲ့တဲ့ “မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်အရေးယူပိတ်ဆို့မှုတွေဟာ ပစ်မှတ်ထားသူ တွေကိုသာ  သက်ရောက်စေတာဖြစ်ပြီး   မြန်မာ ပြည်သူတွေအပေါ်    မလိုလားအပ်တဲ့ သက်ရောက်မှု တွေမဖြစ်စေဖို့ အလေးထားဆောင်ရွက်နေတယ်” ဆိုတာ တကယ်ကော မှန်ကန်မှုရှိပါရဲ့လား။ မြန်မာ နိုင်ငံမှာလည်း ခေတ်အဆက်ဆက် ပိတ်ဆို့မှုတွေ လုပ်ခဲ့ လို့ အစိုးရပြုတ်ကျသွားတယ်ဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ပါဘူး။ အခုလည်း  စစ်တပ်နဲ့  သူတို့ကို  ပံ့ပိုး ကူညီနေသူတွေကို ပစ်မှတ်ထား  ပိတ်ဆို့တယ်လို့ ပြောနေပေမယ့် အမှန်တကယ်မှာတော့   ပိတ်ဆို့ အရေးယူမှုတွေကြောင့် စီးပွားရေးကျပ်တည်းမှုကို အမှန်တကယ်ခံစားရတာ မိမိတို့လို သာမန်ပြည်သူ လူထုကိုယ်တိုင်ပဲ ဖြစ်ပါတယ်။

 


အနာဂတ်ကို ဝိုင်းဖျက်ဆီးနေ


သံအမတ်ကြီးက “မြန်မာနိုင်ငံထဲမှာ ဒီမိုကရေစီ လှုပ်ရှားမှုတွေကို ဦးဆောင်နေတာ Gen-Z လို့ခေါ် တဲ့ လူငယ်မျိုးဆက်တွေ” လို့  ပြောသွားသေးတယ်။ ဒီလိုသာဆို သံအမတ်ကြီးတို့နဲ့ ဆက်သွယ်ဆောင် ရွက်နေတဲ့ NUG အပါအဝင် နိုင်ငံရေးလှုပ်ရှားမှုတွေ ကို အဓိက ကြိုးကိုင်နေတဲ့ထဲမှာ Gen-Z ဆိုတာ ဘယ်နှယောက်များရှိလို့လဲ။ လက်ရှိဖြစ်နေတဲ့ နိုင်ငံ ရေးဖြစ်စဉ်တွေကို အဓိက ကြိုးကိုင်ခြယ်လှယ်နေတဲ့ သူတွေက ပြည်တွင်းမှာရှိတဲ့ Gen-Z လူငယ်တွေ ထက်  နိုင်ငံခြားမှာရောက်နေတဲ့   နိုင်ငံရေးသမား လူလည်တွေနဲ့ နယ်စပ်ဒေသမှာရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေပါ။ Gen-Z လူငယ်တွေဆိုတာ အသုံးချခံသက်သက်ပါ။

 

 တိုင်းပြည်ရဲ့  အနာဂတ် ဖြစ်တဲ့ လူငယ်တွေကို တောထဲ၊ တောင်ထဲသွားပြီး အသက်တွေ  ဘဝတွေဆုံးရှုံးရအောင်   ဝိုင်းဝန်း မြှောက်ပင့် အသုံးချနေတာတွေဟာ မြန်မာနိုင်ငံရဲ့ အနာဂတ်ကို ဝိုင်းဖျက်ဆီးနေကြတာနဲ့ အတူတူပဲ လို့ ပြောချင်ပါတယ်။
အချုပ်ပြောရရင်တော့ မြန်မာနိုင်ငံမှာ အမှန် တကယ် ဒီမိုကရေစီရရှိစေချင်တယ်၊ မြန်မာပြည်သူ လူထုတွေကို တည်ငြိမ်အေးချမ်းပြီး ဘေးကင်းလုံခြုံ တဲ့ဘဝတွေ ရရှိစေချင်တယ်ဆိုရင်တော့  လက်ရှိ ဖြစ်ပေါ်နေတဲ့ အရှိတရားတွေကို ဘက်လိုက်မှုကင်း စွာနဲ့ မြင်အောင်ကြည့်ပြီး အကြမ်းဖက်မှုတွေကို ဆက်လက်မဖြစ်ပေါ်အောင် စစ်မှန်တဲ့စေတနာနဲ့ သာ   ရပ်တည်ပေးပါလို့   တည်ငြိမ်အေးချမ်းမှုကို လိုလားတဲ့  ပြည်သူတစ်ယောက်အနေနဲ့ တောင်းဆို လိုက်ပါတယ်။