ရန်ကုန်မြို့ပတ်ရထားပေါ်၌ ရထားရဲတပ်ဖွဲ့၀င်များအား လုပ်ကြံသတ်ဖြတ်မှုတွင်စီစဉ်ပါ၀င်ခဲ့သူ  မမြတ်ဖြိုးပွင့်၏၀န်ခံ‌ပြောကြားချက်


 

၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၁၄ရက်နေ့တွင် မီးရထားရဲတပ်ဖွဲ့မှ လုံခြုံရေးရဲတပ်ဖွဲ့ဝင် ခြောက်ဦးသည် လက်နက်/ခဲယမ်းများနှင့်အတူ အင်းစိန်-ရန်ကုန်-အင်းစိန်-လှော်ကား-အင်းစိန်မြို့ပတ်ရထားတွင် လုံခြုံရေးတာဝန်ထမ်းဆောင်လျက်ရှိရာ ၎င်းတို့အား အလုံဘူတာနှင့် ပန်းလှိုင်အကြားတွင် အကြမ်းဖက်လက်နက်ကိုင်အဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ငါး ဦးကျဆုံးခဲ့ပြီး တစ် ဦး ဒဏ်ရာရရှိကာ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏လက်နက်လေးလက်နှင့်ခဲယမ်းအချို့ကို အကြမ်းဖက်လက်နက် ကိုင်အဖွဲ့က ယူဆောင်သွားသည့်ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။ အဆိုပါ လုပ်ကြံသတ်ဖြတ်မှုတွင် စီစဉ်ပါဝင်ခဲ့သူ    မမြတ်ဖြိုးပွင့်၏ ဝန်ခံပြောကြားချက်မှာ အောက်ပါအတိုင်းဖြစ်သည်-
ကျွန်မနာမည်က   မြတ်ဖြိုးပွင့်(ခေါ်)ဂျိုကာပါ။ မှတ်ပုံတင်နံပါတ်က ၆/ကသန (နိုင်)၀၄၆၂၈၀။ လိပ်စာက တိုက် (2-A)မှန်ခန်း၊ ဘုရင့်နောင်လမ်း၊ ရန်ကုန်သစ် ရပ်ကွက်၊  သင်္ဃန်းကျွန်းမြို့နယ်ဖြစ်ပါ တယ်၊  အလုပ်အကိုင်က   ကြက်ကြော်ဆိုင် ဖွင့်ထားပါတယ်။ ဖေဖော်ဝါရီ ၁ ရက်နေ့ တပ်မတော်က  အာဏာထိန်းသိမ်းပြီးတဲ့ နောက်ပိုင်းမှာ  ကျွန်မအနေနဲ့  အင်ဂျင် နီယာသပိတ်စစ်ကြောင်းမှာ   တစ်ကြိမ် သွားပြီး ပူးပေါင်းပြီး လျှောက်ဖူးပါတယ်။ ပြီးတော့  ပရဟိတစစ်ကြောင်း၊  အဲဒီ ပရဟိတစစ်ကြောင်းမှာ တစ်ကြိမ်သွားဖူး တယ်။ ကျွန်းတောလမ်းပေါ်မှာ ပရဟိတ နဲ့ ဆက်စပ်ပြီးတော့သိတဲ့   အစ်မ  ပိစိနဲ့ ကိုနေလင်းထွန်းကတစ်ဆင့် သိပြီးတော့ သူတို့က   ခရီးတစ်ခုသွားဖို့   ရှိတယ်။ ကျောပိုးအိတ်တစ်လုံးစာ အဝတ်အစား နှစ်စုံ၊ သုံးစုံနဲ့ ငွေ နှစ်သိန်းလောက်ပါ ရင်ရပြီ။ အတူတူလိုက်မယ့်လူ ဘယ်နှဦး ရှိလဲမေးတဲ့အချိန်မှာ      ဇေယျာဖြိုးနဲ့ ကောင်းပြည့်စုံဦးဆိုတဲ့     သူငယ်ချင်း နှစ်‌ယောက်နဲ့အတူ ကျွန်မတို့ လိုက်သွား ခဲ့ပါတယ်။ စုရပ်အနေနဲ့ Golden Park မှာတစ်ညအိပ်ပြီး  နောက်နေ့မနက်မှာ အစ်မ Golden Garlic နဲ့ သူ့တူပါကျဲရယ်  ကျွန်မနဲ့ ဇေယျာဖြိုးပါတဲ့ ကားတစ်စီးနဲ့ ထွက်ပြီး  ပဲနွယ်ကုန်းကို  သွားပါတယ်။ ပြီးရင်   ဟိုဘက်မှာ  အတီးလို့ခေါ်တဲ့ အမည်မသိလူတစ်ဦးကလာကြိုတယ်။ ပြီးတော့   ကျွန်မတို့  ခေါ်ဆောင်ရာ နောက်ကိုလိုက်ပြီး ချောင်းဘေး နေရာ တစ်ခုကိုရောက်သွားပါတယ်။    KNU နယ်မြေလို့တော့ ကျွန်မသိထားပါတယ်။ အဲဒီနေရာကို     ရောက်တဲ့အချိန်မှာ သင်တန်းက    သုံးရက်ပေးပါတယ်။ သင်တန်းပြီးတော့   ပြန်လို့ရတယ်ဆို ပေမယ့်  အောက်မှာနယ်မြေမငြိမ်းချမ်းလို့ဆိုပြီး  မပြန်ရဘဲ   လကုန်လောက်မှပဲ ပြန်ခွင့်ရခဲ့ပါတယ်။   ကျွန်မတို့  ဒီ ၅ လ ပိုင်းလောက်    ရောက်တဲ့အချိန်မှာ အဖွဲ့ဝင်တွေက အတူတူနေရင်ပိုကောင်း တယ်၊ ကိုယ့်အိမ်မှာကိုယ်နေရင်မလုံခြုံဘူး၊ အဆင်မပြေတာတွေဖြစ်မယ်ဆိုလို့ ကိုနေလင်းထိုက်စီစဉ်ပေးတဲ့ မေတ္တာညွန့် ရပ်ကွက်၊ မာလာနွယ်လမ်းထောင့်က တိုက်နံပါတ် ၇ သုံးလွှာက ၃၀၂ အခန်းမှာ ကျွန်မချစ်သူဖြစ်တဲ့ ဇေယျာဖြိုး(ခေါ်)တရုတ်ရယ် အခြားအဖွဲ့ဝင်တွေနဲ့အတူတူ ကျွန်မတို့   နေခဲ့ပါတယ်။     ကိုနေ လင်းထိုက်(ခေါ်)  ဗိုလ်လပြည့်ဝန်းက ကျွန်မတို့ရရှိတဲ့အလှူငွေ သိန်း ၁၀၀ကို KNUကလူတွေနဲ့  ချိတ်ဆက်ပြီးတော့ လက်နက်ကိုမှာထားပါတယ်။ အဲဒီမှာ ထားတဲ့   လက်နက်က အတို နှစ်လက်၊ အရှည်   တစ်လက်ရပါတယ်။ အဲဒီ လက်နက်တွေကို   ၄၉ မိုင်မှာ  ကိုနေ လင်းထိုက်ရယ်၊ ပူးချယ်ရယ်၊ ကျွန်မရယ် သုံးယောက်သွား    သယ်ပါတယ်။   သယ်လာပြီးတော့   လက်နက်တွေကို    ဘုရားကြီးဘက်က မီးပွိုင့်မှာ ထားခဲ့ပြီး မိနစ် ၂၀ လောက် အကြာမှာ သူတို့ ပြန် ရောက်လာပါတယ်။ ရန်ကုန်ထဲကိုတော့   မပါလာပါဘူး။ တစ်လတစ်ကြိမ်လောက် တော့ အဖွဲ့ဝင်တွေ  မျက်နှာစုံညီတွေ့တာ  မျိုးတော့  လုပ်ပါတယ်။  ရထားကိစ္စနဲ့ ပတ်သက်ပြီး ၆ လပိုင်းမှာ ကျွန်မတို့တွေ့ တဲ့အချိန်မှာ ကိုနေလင်းထိုက်က   အဆို တင်သွင်းလာတယ်။ သူ့အနေနဲ့ အကွက် အကွင်း ကောင်းတဲ့နေရာလေး   တစ်ခု တွေ့ထားတယ်။  မြို့ပတ်ရထားပေါ်မှာ ရဲ အစောင့် သုံးလေးယောက် လောက်ပါ တယ်၊ အဲဒါကို  ညီတို့ညီမတို့ ဘယ်လို သဘောရလဲ ဆိုပြီးမေးပါတယ်။ အခြား လူတွေက    ကိုဇော်ဂျီက   မြေပြင်   operation လုပ်ရင်  သူက  ဦးဆောင်တဲ့ လူဖြစ်တယ်လို့ပြောတဲ့အတွက် ကိုဇော် ဂျီက ဟုတ်ပြီအစ်ကို အဲဒါဆိုရင်တော့ ကျွန်တော်တို့   လေ့လာထားလိုက်မယ် ဆိုပြီး  ပထမအကြိမ်က  အဲဒီလောက်နဲ့   အဆုံးသတ်ပါတယ်။ 
 ဒုတိယအကြိမ် ကျွန်‌မတို့  အစည်း အဝေးလုပ်တဲ့နေ့မှာ      ရထားသွားတဲ့  လမ်းကြောင်းတွေရယ်၊ ဘူတာစဉ်တွေနဲ့  ရထားအဝင်အထွက် အချိန်တွေကို သိခဲ့ ရပါတယ်။ ရထားစီး ပြီး  စောင့်ကြည့်တဲ့   scout အဖွဲ့ကို  ကျွန်မတို့က   တစ်ဦးကို     တစ်နေ့ တစ်သောင်းနှုန်းနဲ့   စရိတ်ပေးပါ တယ်။ ရထားရဲတွေကို လုပ်ကြံတဲ့နေ့မှာ ကျွန်မ ပိုင်တဲ့ Honda Civic ကားကို  ပိုးဥ မောင်းပါတယ်။  ညနေပိုင်းလောက် မှာ Mizzima က သတင်းကိုဖတ်လိုက်ရပါ တယ်။ တစ်ဆက်တည်း ကျွန်မတို့ group မှာmission အောင်မြင်ကြောင်း ပြောတာ ကို ကျွန်မဖတ်လိုက်ရပါတယ်။ ရထားရဲ လေးဦး သေဆုံးတယ်၊      နှစ်ဦး ဒဏ်ရာ ရတယ်၊ သေနတ် လေးလက်လုယူခံလိုက် ရတယ်ဆိုပြီး  သိလိုက်ရတယ်။  အဲဒီ အတွက် ကျွန်မတို့အဖွဲ့က   ပိုးဥဆီကို ကိုဂျိုးဆိုတဲ့လူက  ချီးမြှင့်ငွေ  ငါးသိန်း Kpay   ကနေ  လွှဲတယ်ဆိုတာကို group ထဲမှာပြောတာကို သိရပါတယ်။ အဲဒီနေ့ ပြီးတော့ မြောက်ဒဂုံက Golden Park မှာ    အောင်ပွဲခံတဲ့အနေနဲ့     စားကြ သောက်ကြတယ်။ အဲဒါကိုလည်း ကျွန်မ ပြန်သိရပါတယ်။ ရထားရဲတွေကို သတ် ပြီး  ယူလာတဲ့   သေနတ်လေးလက်ကို နောက်ရက်မှာ   စိတ်ချရအောင်ဆိုပြီး NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဖြိုးဇေယျာသော်တို့ဆီကို ပေးလိုက်ပါ တယ်။ သူတို့ကတစ်ဆင့် တိုက်ချွတ်ဆေး ကြောပေးထားပါတယ်။ ၃၁ ရက်နေ့မှာ သူတို့ဆီကနေတစ်ဆင့် ကိုနန်းနွယ်က ယူလာပြီး  ကျွန်မအိမ်မှာ   ကျွန်မက လက်ခံပြီး သိမ်းထားပေးတာပါ။ ကျွန်မ တို့အဖွဲ့ရဲ့  ငွေသုံးစွဲမှုက   ကိုနေလင်း ထိုက်ကတစ်ဆင့် ရလာတဲ့ အလှူငွေတွေ ကို ကျွန်မနဲ့ မပိစိက ထိန်းသိမ်းပါတယ်။ သုံးစွဲမှုအနေနဲ့ ဒီအဖွဲ့ဝင်တွေရဲ့ နေထိုင် စားသောက်မှု    စရိတ်တွေကို    ကိုနေ လင်းထိုက်ရဲ့  ညွှန်ကြားမှု၊   စီမံခန့်ခွဲမှု အတိုင်း သုံးစွဲပါတယ်။ ပြီးတော့ ငွေစာ ရင်းရှင်းတမ်းကို    ၄  လပိုင်းကစပြီး ၆လပိုင်းအကုန်အထိကို ရရှိငွေက ၂၄၁ သိန်းကျော်နဲ့ အမေရိကန်ဒေါ်လာ ၆၀၀ ရှိပါတယ်။ အသုံးပြုပြီးတဲ့ ငွေက ၃၅ သိန်းကျော်ရှိပြီး လက်ကျန်ငွေ အနေနဲ့က မြန်မာငွေသိန်း ၂၀၀ ကျော်နဲ့ အမေရိကန် ဒေါ်လာ ၆၀၀ ကျန်ပါတယ်။ 
ဖောက်ခွဲရေး နဲ့ပတ်သက်ပြီး  ၅ လ ပိုင်းမှာ ကျွန်မ ကားမောင်းပို့ပြီး   ကိုရှမ်း လေးနဲ့  ပိုးဥတို့က ပန်းဆိုးတန်းမှာရှိတဲ့  အခွန်ရုံးမှာ သွားပြီး  ဖုန်းနဲ့     ခွဲတဲ့မိုင်းတွေ  သွားပြီး ထောင်ဖူးပါတယ်။   ပြီးတော့ ကျည်ဆန်ယူတဲ့နေရာမှာ       ကိုနေ လင်းထိုက်က  တစ်ဆင့်ရတဲ့   အချိတ် အဆက်နဲ့ ကျွန်မနဲ့  တရုတ်   နှစ်ယောက် က   ရန်ကင်းနဲ့ ဘောက်ထော်ကြားလမ်း တစ်ခုမှာ ၉ မမ ကျည်   ၃၀၀  ကျော်ကို    သွားပြီး သယ်ဆောင်ဖူးပါတယ်။    ရထား ရဲတွေ   အသတ်ခံရတဲ့    ဖြစ်စဉ်ပြီးတဲ့ နောက်ပိုင်း ကိုနေလင်းထိုက်က   ကား ဆရာတွေနဲ့အတူ   လွတ်မြောက်နယ်မြေ   ရောက်သွားပါတယ်။ ရောက်သွားပြီးတဲ့ အချိန်မှာ  သူက အင်တာဗျူးတစ်ခုတော့ ဖြေမယ် လို့ ပြောတယ်။ အဲဒီလိုပြောတော့  ကျွန်မ တို့က   ဒီအတိုင်းပဲနေလိုက်ပါတယ်။ နောက်ပြီးတော့မှ   Myanmar  Now  ကနေပြီး   အင်တာဗျူးပို့စ်တက်လာပါ တယ်။  အဲဒီ   အင်တာဗျူးပို့စ်ကြောင့် ကျွန်မတို့အခုလို  ရဲတပ်ဖွဲ့ဝင်တွေရဲ့စုံစမ်း ခြင်းကိုခံရပြီး        ဖမ်းဆီးခံရတယ်လို့ ထင်ပါတယ်။ အဲဒီ အင်တာဗျူးကြောင့်ပဲ   ကျွန်မတို့အဖွဲ့  အထဲမှာလည်း    ကိုနေ လင်းထိုက်နဲ့    အဆင်မပြေတာတွေ  ဖြစ်လာပါတယ်။   ပြီးတော့  အဲဒီပို့စ်ကို ဖျက်ဖို့   ကျွန်မတို့   ကြိုးစားကြတယ်။ အဲဒါကမပျက်တဲ့အပြင် နောက်ရက်မှာပဲ Myanmar  Now နဲ့  ကိုနေလင်းထိုက်ကပဲ   အလှူခံပို့စ်နဲ့  တွဲပြီး   ထပ်တင်တယ်လို့   ယူဆပါတယ်။   လက်ရှိမှာ  Myanmar Now  မှာပါလာတဲ့    သတင်းကြောင့် ကျွန်မတို့က   ဖမ်းဆီးထိန်းသိမ်းခံရတယ်။ ဒုတိယ အလှူခံ ပို့စ်တင်ပြီးတော့ အလှူခံ ငွေတွေရခဲ့မယ်ဆိုရင်  Myanmar  Now နဲ့ကိုနေလင်းထိုက်က  လက်ခံပြီး  သူတို့ အသုံးပြုမယ်လို့  ကျွန်မ  ထင်ပါတယ်။   အဓိကကတော့  အဲ့ဒီသတင်းကြောင့်  ကျွန်မတို့   အခုလို    အဖမ်းခံရတာပါ။ ဒီရဲတပ်ဖွဲ့ဝင်တွေဆီက       ယူထားတဲ့ သေနတ် လေးလက်ကလည်း   ကျွန်မ အဖမ်းမခံရခင် နှစ်ရက်အလိုကမှ NLD လွှတ်တော်  ကိုယ်စားလှယ်ဟောင်း ဖြိုးဇေယျာသော်ဆီကနေ ကျွန်မလက်ထဲ ကို   ရောက်တာပါ။  ဒီရထားရဲတွေကို အသတ်ခံရတဲ့ဖြစ်စဉ်ပြီးတဲ့နောက်ပိုင်းမှာ ကျွန်မ ဓာတ်ပုံတွေမြင်ရတယ်၊ သွေး တွေကိုမြင်ရတယ်။ ကျွန်မအနေနဲ့ သူတို့ ကိုသနားမိတယ်၊ ကျွန်မရဲ့ဖြစ်တည်မှုကို ကျွန်မက အဓိပ္ပာယ်မရှိဘူးလို့ခံစားရတဲ့ အတွက်ကြောင့်     အဖွဲ့ကနေထွက်ချင် တယ်။ အဲဒီအတွက် ကျွန်မအဖွဲ့က ထွက် တော့မှာဆိုပြီး   ကောင်းပြည့်စုံ(ခေါ်) ကောင်းပြည့်ကို ပြောမိပါတယ်။ ထွက်ရင် သတ်ပစ်မှာဆိုပြီး   သူက    ပြန်ပြော ပါတယ်။