ရန်ကုန်မြို့ပေါ်တွင် ပြည်သူလူထုအခြေပြု ကိုဗစ်-၁၉ ရောဂါရှာဖွေရေး/ကုသရေးဌာနများ တိုးချဲ့ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

 

နေပြည်တော်   ဇူလိုင်   ၂၄  


ရန်ကုန်မြို့ပေါ်တွင် ပြည်သူလူထုအခြေပြု ကိုဗစ်-၁၉ ရောဂါရှာဖွေရေး/ကုသရေးဌာနများ တိုးချဲ့ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းအစည်းအဝေး (Zoom Meeting) ကို ယနေ့ နံနက် ၁၀ နာရီတွင်   ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန COVID-19 Command Center ၌ ကျင်းပသည်။

 


အစည်းအဝေးတွင်     ကျန်းမာ ရေးနှင့်  အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဒေါက်တာ သက်ခိုင်ဝင်းက လက်ရှိဖြစ်ပွားမှု အခြေအနေအရ  ကူးစက်မှုနှုန်း မြန်ဆန်ပြီး        များပြားသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ပြင် နေအိမ် ၌ အိမ်တွင်းကုသမှုခံယူရင်းဖြင့် သက်ကြီးရွယ်အိုများ၊ ရောဂါအခံ ရှိသူများကို ကူးစက်နိုင်ခြေမြင့်မား ကာ late referral ဖြင့် သေဆုံးမှု များလည်းရှိသည်ကို    တွေ့ရှိရပါ ကြောင်း၊ ဆေးကုသရေးလုပ်ငန်း များ နိုင်နင်းစွာဆောင်ရွက်နိုင်ရန် အတွက်   ကာကွယ်ရေးလုပ်ငန်း များကိုလည်း    ဆောင်ရွက်နေပါ ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏  လမ်းညွှန် မှုနှင့်အညီ        ကျန်းမာရေးနှင့် အားစားဝန်ကြီးဌာန   အနေဖြင့်   ပြည်သူလူထုအား      ကိုဗစ်-၁၉   ရောဂါ ကာကွယ်ဆေး    အမြန်ဆုံး ထိုးနှံပေးနိုင်အောင်       ကြိုးစား ဆောင်ရွက်လျက်ရှိပါကြောင်း။

 


ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ကုသရေးအတွက် ဆောင်ရွက်နေ ကြသော ကျန်းမာရေးဝန်ထမ်းများ အတွက်   လစဉ်ထောက်ပံ့ကြေး အဖြစ် ငွေကျပ် ၅၀၀၀၀ ကိုလည်း ၂၀၂၁ ခုနှစ် ဇူလိုင်လမှစတင်ကာ ထောက်ပံ့ပေးမည်ဖြစ်ပါကြောင်း၊ ပြည်သူ့ကျန်းမာရေးကြီးကြပ်(၂) သစ်လွင် ဝန်ထမ်းသုံးထောင်ခန့် ကို  ခန့်ထားနိုင်ရေး   ဆောင်ရွက် လျက်ရှိပါကြောင်း၊ အောက်ဆီဂျင် များရရှိနိုင်ရေး စနစ်တကျစီမံခန့်ခွဲ ရန်နှင့် လိုအပ်ချက်ကို အနီးစပ်ဆုံး တွက်ချက်ရန် လိုအပ်ပါကြောင်း၊ တစ်နေ့လျှင်    အောက်ဆီဂျင် Cylinder  အလုံး   ၂၀၀ ရရှိမည့် Oxygen Plant  ကို   ကိုဗစ်-၁၉ ကုသရေးဌာန   (ဖောင်ကြီး)သို့ ထောက်ပံ့ပေးပြီးပါက ပြင်းထန် လူနာများ ပိုမိုလက်ခံကုသနိုင်ရေး အဆင်ပြေမည်ဖြစ်ပါကြောင်း။

 


နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၏  ရုရှားနိုင်ငံခရီး စဉ်တွင်ရရှိခဲ့သည့်   ကိုဗစ်-၁၉ ရောဂါစစ်ဆေးသည့် RTPCR စက် နှစ်လုံးကိုလည်း မကွေးတိုင်းဒေသ ကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး တို့တွင်တပ်ဆင်၍ အသုံးပြုသွား မည်ဖြစ်ပါကြောင်း၊    နိုင်ငံတော် စီမံအုပ်ချုပ်ရေး     ကောင်စီဥက္ကဋ္ဌ ၏       လမ်းညွှန်ချက်နှင့်အညီ အောက်ဆီဂျင်  ပိုက်လိုင်းများ၏ လုံခြုံရေး၊ လူနာတင်ယာဉ်များ၏ ကြံ့ခိုင်ရေးကိုလည်း အမြဲစစ်ဆေးသွားရမည်ဖြစ်ပါကြောင်း၊ လူနာ တင်ယာဉ်များကိုလည်း    ထပ်မံ ထောက်ပံ့ရန်   စီစဉ်ဆောင်ရွက် ထားပါကြောင်း။

 


ရန်ကုန်မြို့ပေါ်တွင် ပြည်သူ လူထုအခြေပြု ကိုဗစ်-၁၉ ရောဂါ ရှာဖွေရေးဌာန Test Centers များ ကို သန်လျင်၊ မင်္ဂလာဒုံ၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)၊       ဒဂုံမြို့သစ် (တောင်ပိုင်း) တို့၌   ဖွင့်လှစ်မည် ဖြစ်ပြီး ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ ဒဂုံမြို့သစ်(တောင်ပိုင်း)ကို ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ယူကာ သန်လျင်၊ မင်္ဂလာဒုံ မြို့နယ်များ၌      တပ်မတော်မှ တာဝန်ယူ ဆောင်ရွက်မည်ဖြစ်ပါ ကြောင်း၊   Community-based COVID-19 Testing  and   Care ဌာနများ      တိုးချဲ့သည့်အတွက် ဆေးရုံများအနေဖြင့်လည်း အရေး ပေါ်လူနာများ ပိုမိုလက်ခံနိုင်ရေး လိုအပ်လာနိုင်ပါကြောင်း၊ လူနာ များ များပြားလာသဖြင့် ပုဂ္ဂလိက ဆေးရုံများအားလုံး၌   လူနာများ လက်ခံနိုင်ရေး     အတွက်လည်း ခွင့်ပြုထားပြီး   ဖြစ်ပါကြောင်း၊  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (၆)  သန်းသည်လည်း        ယခု ရက်ပိုင်းအတွင်း အသုတ်လိုက်ခွဲ ၍ ရောက်ရှိနေပြီဖြစ်သောကြောင့် ပြည်သူလူထုကို   ကာကွယ်ဆေး အမြန်ဆုံးထိုးနှံပေးနိုင်ရန် ဆောင် ရွက်လျက်ရှိပါကြောင်း ပြောကြား သည်။

 


ထို့နောက်  ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန   ဒုတိယ ဝန်ကြီး   ဒေါက်တာအေးထွန်း၊ ရန်ကုန်တိုင်းဒေသကြီး  ပြည်သူ့ ကျန်းမာရေး/ကုသရေးဦးစီးဌာန မှူး     ဒေါက်တာထွန်းမင်းနှင့် တက်ရောက်လာကြသည့် ဆေးရုံ အုပ်ကြီးများ၊         ပါမောက္ခများ၊ ကိုဗစ်- ၁၉ ကုသရေးဌာနများမှ တာဝန်ခံဆေးရုံအုပ်/ဆေးရုံအုပ် ကြီးများက  ဆောင်ရွက်ထားရှိမှု များနှင့်    ဆက်လက်ဆောင်ရွက် မည့်အစီအစဉ်များကို တင်ပြခဲ့ကြ ကြောင်း  သိရသည်။  

 

သတင်းစဉ်