ရန်ကုန်မြို့နဲ့ မဝေးလှတဲ့ နေရာက ဆိတ်ငြိမ်ကမ္ဘာလေး ဘူးလယ်အင်းဗီလာ

 

ယဉ်လာဒ်

မြို့ပြရဲ့မွန်းကျပ်မှုတွေဆီကနေ ထွက်သွားနိုင်မယ့် ဆိတ်ငြိမ်ကမ္ဘာလေးလို့ ပြောရလောက်အောင် တကယ့် ကို တိတ်ဆိတ်တဲ့ နေရာလေးတစ်ခုဖြစ်ပြီး ရန်ကုန်မြို့နဲ့လည်း မဝေးလှတဲ့ ဘူးလယ်အင်းဗီလာ (Bulaeinn Villas) ကို ဒီတစ်ပတ်ရဲ့ ခရီးသွားလမ်းညွှန်အနေနဲ့ လမ်းညွှန်ဖော်ပြပေးချင်ပါတယ်။

ဘူးလယ်အင်းဗီလာဟာ  ရန်ကုန်မြို့ကနေ ပဲခူး ကို   အသွားလမ်း   ပဲခူးမြို့အနီး   ၁၀   မိုင်ကုန်းမှာ တည်ရှိပါတယ်။ အမြန်လမ်း ၁၀ မိုင်ကုန်းမှာဆင်းပြီး ဓမ္မဒူတဓမ္မရိပ်သာ          ဆိုင်းဘုတ်လမ်းအတိုင်း လမ်းလျှောက်ပြီးဝင်ရင် မိနစ်အနည်းငယ်လောက် သာ      ကြာပြီးနောက်   ဆိတ်ငြိမ်ကမ္ဘာလေးလို့ တင်စားနိုင်တဲ့  ဘူးလယ်အင်းဗီလာကို ရောက်ရှိမှာ ဖြစ်ပါတယ်။ ရန်ကုန်ကနေ  ကားမောင်းရင် အလွန် ဆုံး      နှစ်နာရီဝန်းကျင်သာ     ကြာမြင့်မှာဖြစ်ပြီး ရွှေပြည် Resort အကျော်လေးမှာ တည်ရှိပါတယ်။
လည်ပတ်စရာနေရာတစ်ခုထက်  အနားယူစရာ နေရာတစ်ခုလို့ဆိုနိုင်ပြီး ပိတ်ရက်တွေမှာ မိသားစု လိုက် အေးအေးဆေးဆေး  အပန်းဖြေအနားယူချင် သူတွေအတွက် တကယ့်ကိုနှစ်ခြိုက်စေမယ့်  နေရာ တစ်ခုဖြစ်စေမှာ  အမှန်ပါပဲ။   ခြံဝင်းက  ဧက   ၃၀ ရှိပြီး  လျှောက်လမ်းတွေနဲ့  အနားယူနိုင်တဲ့ ထိုင်ခုံ လေးတွေ၊ ညဘက်မှာ  မီးတိုင်ထွန်းလို့ရမယ့်  တိုင် တွေကို    ထားပေးထားပါတယ်။    စိမ်းလန်းနေတဲ့ မြက်ခင်းစိမ်းတွေနဲ့   ပနံသင့်လှပနေတဲ့    အဆောက် အအုံတွေကို  မတူညီတဲ့ဒီဇိုင်းတွေနဲ့ တည်ဆောက် ထားတာဖြစ်ပါတယ်။ 
သဘာဝနဲ့ ထိတွေ့လို့ရတဲ့ နေရာ
ဘယ်နေရာကြည့်ကြည့်     စိမ်းစိုပြီး    လှပတဲ့ မြက်ခင်းတွေကို  တွေ့မြင်နိုင်ပါတယ်။    စိမ်းစိုစို တောအုပ်လေးထဲမှာ သာယာတဲ့ ကျေးငှက်သံလေး တွေကို  နားထောင်ပြီး  သဘာဝနဲ့ထိတွေ့လို့ရတဲ့ နေရာတစ်ခုလည်းဖြစ်ပါတယ်။
ဘူးလယ်အင်းဗီလာဟာ ဧက ၃၀ ကျယ်ဝန်းတဲ့ သဘာဝဥယျာဉ်ကြီးတစ်ခုထဲမှာ     နွေမိုးဆောင်း သုံးရာသီစလုံး အေးအေးဆေးဆေး  အပန်းဖြေနိုင် အောင် ဖန်တီးပေးထားတဲ့ Luxury Vibe ခံစားလို့ ရတဲ့  နေရာတစ်ခုလို့ ဆိုနိုင်ပါတယ်။ မြက်ခင်းတွေ၊ စမ်းချောင်းလေးတွေ၊    ကျွဲကောခြံတွေ၊     သစ်ပင် တွေနဲ့  စိမ်းစိုလှပနေတဲ့ သဘာဝပတ်ဝန်းကျင်ကို   ဖန်တီးပေးထားတဲ့အပြင်      ခြံကျယ်ကြီးထဲမှာ ဘဲလေးတွေ၊      ဆိတ်လေးတွေ၊    မန်ဒါလီတွေနဲ့ နွားလေးတွေကိုလည်း ဒီအတိုင်း လွှတ်ထားတာမို့ တကယ့်သဘာဝပတ်ဝန်းကျင်ထဲ ရောက်နေသလို ရသကိုရရှိစေပါတယ်။      Outdoor    Activities တွေအနေနဲ့တော့  စက်ဘီးစီး  ဒါမှမဟုတ် ရေကူး လို့လည်း ရပါတယ်။ 
ဘူးလယ်အင်းဗီလာထဲက   အဆောက်အအုံ တစ်ခုချင်းစီကိုလည်း   ရသတစ်ခုစီကို   ပေးစွမ်း နိုင်အောင်   ပုံဖော်ဖန်တီးထားတဲ့ အဆောက်အအုံ ဒီဇိုင်းတွေနဲ့  တည်ဆောက်ထားတာ တွေ့ရပါတယ်။ အဆောက်အအုံတွေရဲ့       နာမည်တွေကလည်း စိတ်ဝင်စားစရာပါ။ ပေါ်ဦး၊ ဝန်ဇင်း၊ မဟော်သဓာ၊ ကင်းဝန်စတဲ့ ရှေးပညာရှိအမတ်ကြီးတွေရဲ့   နာမည် တွေကို အမည်သညာပေးထားပါတယ်။ 
စာရေးသူကတော့ ပေါ်ဦးအဆောက်အအုံကို သဘောကျမိပါတယ်။ ပေါ်ဦးအဆောင်မှာ အခန်း သုံးခန်းပါဝင်ပါတယ်။       ပေါ်ဦးအဆောက်အအုံ အတွင်းပိုင်းကို ဝင်လိုက်ပြီဆိုရင်ပဲ စိတ်ကိုအေးချမ်း မှု ပေးစွမ်းနိုင်အောင် ဖန်တီးထားတဲ့ အပြင်အဆင် တွေနဲ့    နားနေချင်စဖွယ်ကောင်းအောင်      ဖန်တီး ပေးထားမှုတွေက     မိမိအိမ်ကို       ရောက်နေတဲ့ စိတ်ခံစားမှုမျိုးကို ပေးစွမ်းနိုင်တာကို တွေ့ရပါတယ်။ အတွင်းပိုင်း အလှဆင်ထားတဲ့ ပုံစံကလည်း စိတ်ကို ကြည်နူးစေပါတယ်။  အခန်းဖွဲ့စည်းပုံကအစ နေချင် စဖွယ်ကောင်းအောင်  တည်ဆောက်ထားတဲ့ ဒီဇိုင်း ပညာရှင်ရဲ့ စိတ်ကူးစိတ်သန်းကိုလည်း မှန်းဆမိပါ တယ်။ 
အဆောက်အအုံ ခုနစ်လုံးရှိ
လက်ရှိအချိန်မှာ        ဘူးလယ်အင်းဗီလာမှာ အဆောက်အအုံ    ခုနစ်လုံး     ရှိနေပြီဖြစ်ပါတယ်။ “Amara  House  (အမရာအိမ်)  နဲ့  AVA House (ဧဝအိမ်) ကတော့  ၂၀၂၃ မှာ  စတင်ဆောက်လုပ် ခဲ့တာဖြစ်ပါတယ်။      အခုဆိုရင်     ဗီလာခုနစ်လုံး ဖြစ်သွားပြီး  အခန်းပေါင်း ၁၅ ခန်း ရှိသွားပါပြီ” လို့ ဘူးလယ်အင်းဗီလာရဲ့  တာဝန်ရှိသူတစ်ဦးက စာရေး သူကို ပြောပြပါတယ်။ 
ဘူးလယ်အင်းဗီလာမှာ     နားနေတည်းခိုရင်း ကိုယ်တိုင်ဟင်းလျာတွေ     ချက်ပြုတ်စားသောက် ချင်သူတွေအတွက်      ကိုယ်တိုင်ချက်ပြုတ်နိုင်ဖို့ စီစဉ်ပေးထားတာကလည်း     ထူးခြားလှတဲ့ ဝန်ဆောင်မှုတစ်ခုပါ။ ညအိပ်ညနေ မဟုတ်ဘဲ Day Trip    အနေနဲ့  လာရောက်အပန်းဖြေမယ်ဆိုရင် တစ်ဦးချင်းစီကို  အမေရိကန်ဒေါ်လာ  ၃၀ နှုန်းနဲ့ အနည်းဆုံး လူရှစ်ယောက်     လာရောက်နိုင်ပါတယ်။ ကိုယ်ကြိုက်နှစ်သက်တဲ့  ဗီလာအဆောက်အအုံမှာ နေနိုင်ပါတယ်။  အခန်းအမျိုးအစား  စျေးနှုန်းတွေ ကတော့ နှစ်ယောက်ခန်းတစ်ခန်းကို  ၈၅ ဒေါ်လာ ကနေ   မိသားစုနေလို့ရမယ့်အခန်းဆိုရင်    ဒေါ်လာ ၃၀၀ အထိ အမျိုးမျိုးရှိပါတယ်။ Day Trip လာရောက် ချင်သူတွေအနေနဲ့   မနက် ၉  နာရီကနေ ညနေ ၅ နာရီအထိ လာရောက်အပန်းဖြေနိုင်ပြီး နေ့လယ်စာ ကို ဟိုတယ်က ဧည့်ခံမှာဖြစ်ပါတယ်။ 
သီးသန့်ကမ္ဘာလေး တစ်ခုလို  
အေးချမ်းတိတ်ဆိတ်မှုကို    သဘောကျသူတွေ အနေနဲ့ကတော့ ရန်ကုန်မြို့နဲ့ မဝေးတဲ့နေရာမှာရှိပြီး သီးသန့်ကမ္ဘာလေးတစ်ခုလို       ဖန်တီးပေးထားတဲ့ ဘူးလယ်အင်းဗီလာကို နှစ်ခြိုက်မှာဖြစ်ပါတယ်။  မိသားစုလိုက်ဖြစ်စေ၊  တစ်ဦးချင်းဖြစ်စေ၊ အပေါင်း အသင်းတွေနဲ့ဖြစ်စေ သွားရောက်အနားယူနိုင်သလို သီးသန့်ခြံကျယ်ကြီးမှာ     မွေးနေ့လုပ်ချင်သူတွေ၊ ပျော်ပွဲစားထွက်ချင်သူတွေအတွက်လည်း  အကြိုက် တွေ့စေမယ့် နေရာတစ်ခုဖြစ်ပါတယ်။
မြို့ပြရဲ့   မွန်းကျပ်မှုတွေအောက်ကနေ    ခေတ္တ ရုန်းထွက် အနားယူချင်သူတွေအတွက် တကယ့်ကို သင့်တော်တဲ့  ပဲခူးမြို့အနီး   ၁၀  မိုင်ကုန်း ဘူးလယ် အင်းကျေးရွာမှာရှိတဲ့     ဘူးလယ်အင်းဗီလာဆီကို သွားရောက်လည်ပတ်နိုင်စေဖို့ ဒီတစ်ပတ်ရဲ့ ခရီးသွား လမ်းညွှန်အနေနဲ့ ဖော်ပြလိုက်ပါတယ်။    ။