
ရန်ကုန် စက်တင်ဘာ ၁၁
ရန်ကုန်တိုင်းဒေသကြီး စည်ပင် သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့ တော်စည်ပင် သာယာရေးကော်မတီ ဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေး သည် ဒုတိယဥက္ကဋ္ဌ (ဒုတိယ မြို့တော်ဝန်) ဦးညီညီ၊ တာဝန်ရှိသူ များနှင့်အတူ ယနေ့နံနက် ၇ နာရီ တွင် ဒဂုံမြို့နယ် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ထမ်း လိုင်းခန်း၌ ရွေ့လျားဈေးကား စနစ်ဖြင့် မြို့ပြပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေး ဌာနမှ ကြီးကြပ်၍ ကုန်စိမ်း၊ ကုန် ခြောက်မျိုးစုံ၊ အသားမျိုးစုံနှင့် ငါး၊ ပုစွန် အမျိုးမျိုးတို့ ရောင်းချနေမှုကို လည်းကောင်း၊ အဆိုပါရုံးဝင်း အတွင်း သစ်ပင်ချုံနွယ်များ ခုတ်ထွင် ရှင်းလင်းနေမှု၊ မြေယာရှုခင်း သန့်ရှင်း သပ်ရပ်စေရေးအတွက် ပန်းပင်များ ရှင်းလင်းပုံသွင်းနေ မှုနှင့် သစ်ပင်ကြီးများ ခုတ်ထွင် ရှင်းလင်းနေမှုတို့ကို လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည် များ မှာကြားကြောင်း သိရ သည်။
သတင်းစဉ်