ရန်ကုန်စီးတီးတက္ကစီအသင်း(ယာယီ)ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က စတင်ဖွဲ့စည်းပေး

 

ရန်ကုန်    ဇန်နဝါရီ    ၁၅

 


ရန်ကုန်မြို့အတွင်း  ပြေးဆွဲလျက်ရှိသော စီးတီးတက္ကစီယာဉ်များအား စည်းကမ်းထိန်းသိမ်းရန်၊ စနစ်တကျ ခရီးသည်   ပို့ဆောင်ရေးကို   ယုံကြည်စိတ်ချစွာ  ဝန်ဆောင်မှုပေးနိုင်ရန်နှင့်   အုပ်ချုပ်မှုဆိုင်ရာ စနစ်တကျစီမံမှု       ပြုနိုင်ရန်တို့အတွက်   ရန်ကုန်စီးတီးတက္ကစီအသင်း(ယာယီ)ကို   ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က     စတင်ဖွဲ့စည်းပေးလိုက်ပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှု ကော်မတီ(YRTC) ရုံးမှ သိရသည်။  

 


ဥပဒေပညာရှင် အကြံပေးအဖွဲ့များ ပါဝင်


အဆိုပါ ရန်ကုန်စီးတီးတက္ကစီ အသင်း(ယာယီ)တွင်     ရန်ကုန် တိုင်း ဒေသကြီး      ပုဂ္ဂလိကသယ်ယူ  ပို့ ဆောင်ရေး  ကြီးကြပ်မှုကော်မတီ (YRTC)မှ အဖွဲ့ဝင်  ၂၅  ဦးနှင့် အသင်းအတွက်       လိုအပ်သော ဥပဒေ၊  စည်းမျဉ်း စည်းကမ်းများ ရေးဆွဲနိုင်ရန်      ဥပဒေပညာရှင် အကြံပေးအဖွဲ့များ     ပါဝင်ပြီး အသင်းအတွက်       စည်းမျဉ်း စည်းကမ်း      မူကြမ်းများကိုများ မကြာမီတွင်     စတင်ကာ   ရေးဆွဲ တော့မည်ဖြစ်သည်။ 

 


“အခုနောက်ပိုင်း ဘတ်စ်ကား မှတ်တိုင် လမ်းဆုံ/လမ်းခွ၊ လမ်း ကွေ့/လမ်းထောင့်နဲ့ မျဉ်းဝါကွက် တွေအတွင်းမှာ ရပ်ဆိုင်းနေတဲ့ စီးတီးတက္ကစီ       ယာဉ်တွေကို စည်းကမ်းချက်နဲ့အညီ      ထိထိ ရောက်ရောက်  အရေးယူသွားမှာ ပါ။  အဲဒီလိုတွေ  ရပ်နားထားတာ ကြောင့်    ယာဉ်ကြောပိတ်ဆို့မှုတွေ အပြင်   ယာဉ်အန္တရာယ်၊   လမ်း အန္တရာယ်တွေက           ခဏခဏ ဖြစ်ပေါ်လို့  ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက     သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု  ကော်မတီ(YRTC)ရဲ့ စည်းကမ်း      ထိန်းသိမ်းရေးနဲ့ စစ်ဆေးရေးအဖွဲ့က  အခုဆိုရင် ပညာပေးကာလအဖြစ်        စတင် ဆောင်ရွက်နေပါတယ်။ အဲဒီပညာ ပေးကာလပြီးဆုံးတာနဲ့   တိုင်း ဒေသကြီးအစိုးရအဖွဲ့ရဲ့ ညွှန်ကြား ချက်နဲ့အညီ    စည်းကမ်းဖောက် ဖျက်တဲ့   စီးတီးတက္ကစီတွေကို   လုပ်ကိုင်  လိုင်စင်ရပ်ဆိုင်းခြင်း အပြင်     ပိတ်သိမ်းခြင်းတွေအထိ အရေးယူ  သွားမှာပါ။  ခရီးသွား ပြည်သူတွေအနေနဲ့       စည်းကမ်း ဖောက်တဲ့  စီးတီးတက္ကစီယာဉ်တွေ တွေ့ရှိပါကလည်း YRTC ရဲ့ Call Center ကို  တိုင်ကြားနိုင်ပါတယ်” ဟု     ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက  သယ်ယူပို့ဆောင်ရေး  ကြီးကြပ်မှု ကော်မတီ (YRTC)မှ  တွဲဖက်  အတွင်းရေးမှူး  ဦးလျန် ကျင့်မန်က ပြောကြားသည်။

 


ခရီးသည်များ လုံခြုံမှုရှိစေရန်


ရန်ကုန်တိုင်း    ဒေသကြီး ပုဂ္ဂလိက  သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု  ကော်မတီ (YRTC) ဦးဆောင်မှုဖြင့်   ပေါ်ပေါက်လာ သော      ရန်ကုန်စီးတီးတက္ကစီ အသင်း(ယာယီ)၏ ရည်ရွယ်ချက် များမှာ    ရန်ကုန်စီးတီးတက္ကစီ ယာဉ်များ စနစ်တကျရှိစေရန်နှင့် ယာဉ်/  ယာဉ်မောင်း   မှတ်တမ်း အချက်အလက်များ   ပြည့်စုံစွာ ထားရှိ   ဆောင်ရွက်ရန်၊   စီးတီး တက္ကစီယာဉ်  ရပ်နားရန်  ဂိတ် နေရာများ  သတ်မှတ်ဆောင်ရွက် ရန်၊ ယာဉ်စည်းကမ်း၊  လမ်းစည်း ကမ်း စနစ်တကျလိုက်နာနိုင်ရေး နှင့်   ယာဉ်မတော်တဆဖြစ်စဉ် လျော့နည်း    ပပျောက်စေရေး ကြပ်မတ် ဆောင်ရွက်နိုင်ရန်နှင့် စီးတီးတက္ကစီယာဉ်မောင်းများ၏ ကျွမ်းကျင်မှု၊ ယာဉ်မောင်းလိုင်စင် သတ်မှတ်ချက်များ ပြည့်စုံမှုရှိ/ မရှိ စနစ်တကျ စိစစ်ပြီးမှသာ စီးတီး တက္ကစီ မောင်းနှင်ခွင့်ပြုနိုင်ရေးနှင့် ခရီးသည်များ လုံခြုံမှုရှိစေရန်နှင့် အဆင်ပြေချောမွေ့စွာ  သွားလာ နိုင်ရေး  ထိန်းသိမ်းဆောင်ရွက်ရန် တို့ ဖြစ်သည်။

 


နယ်လိုင်စင်ရယူထားသည့် ယာဉ်များ


ထို့အပြင် ယာဉ်ငှားရမ်းခများ ကို  သွားရောက်မည့်  ခရီးအကွာ အဝေးပေါ်မူတည်၍ ညှိနှိုင်းသတ် မှတ်နိုင်ရန်၊  စီးတီးတက္ကစီယာဉ် များကို       မှတ်သားရန်လွယ်ကူ သော  အရောင်/  အမှတ်အသား တစ်ပြေးညီ သတ်မှတ်ဆောင်ရွက် နိုင်ရန်၊     မြို့တော်အင်္ဂါရပ်နှင့် ပြည့်စုံသော      အရည်အသွေး/ ယာဉ်ထုတ်လုပ်သည့်ခုနှစ် မြင့်မား သော     ဘယ်မောင်းယာဉ်များ အစားထိုးလဲလှယ်  မြှင့်တင်နိုင်ရေး ဆောင်ရွက်ရန် စီးတီးတက္ကစီယာဉ် မောင်းများကို  ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းသင်တန်း/ အလုပ် ရုံဆွေးနွေးပွဲများ   ပြုလုပ်ပေးနိုင် ရန်၊   ခရီးသည်များ  ယာဉ်စီးနင်း အသုံးပြုလိုသည့်   အချိန်တွင် လွယ်ကူလျင်မြန်စွာ   ချိတ်ဆက် ခေါ်ယူနိုင်သည့် Call Center နှင့် နည်းပညာအသုံးပြုသည့်  စနစ် များ ဆောင်ရွက်ပေးနိုင်ရန်၊ စီးတီး တက္ကစီယာဉ်များ       စနစ်တကျ ထိန်းသိမ်းနိုင်ရန်၊    လုံခြုံမှုစနစ် ဆောင်ရွက်နိုင်ရန်အတွက် GPS/ Control Center များဖြင့် စောင့် ကြည့်ထိန်းချုပ်သည့်စနစ် ဆောင် ရွက်နိုင်ရန်၊  စီးတီးတက္ကစီယာဉ် အားလုံး   အလုံးစုံအာမခံထားရှိ ဆောင်ရွက်နိုင်ရန်နှင့် စီးတီးတက္ကစီ အသင်းတွင်  မပါဝင်သော  နယ် လိုင်စင်ရယူထားသည့်ယာဉ်များ နှင့် ပတ်သက်၍  မူဝါဒချမှတ် ဆောင် ရွက်နိုင်ရန်တို့ဖြစ်ကြောင်း  သိရ သည်။  

 

မြင့်မိုရ်၊ ဓာတ်ပုံ- မင်းထက်