ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး၊ လက်တွေ့မီးငြှိမ်းသတ်မှုသရုပ်ပြသ

 

သန်လျင်   ဇွန်   ၉


ပညာရေးဝန်ကြီးဌာန  အဆင့်မြင့် ပညာဦးစီးဌာန  ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်တွင်  မီးဘေးကြိုတင် ကာကွယ်ရေး       အသိပညာပေး ခြင်းနှင့်    လက်တွေ့သရုပ်ပြပွဲကို    ယနေ့နံနက်တွင် သန်လျင်မြို့ရှိ    ယင်းတက္ကသိုလ်   သီရေတာ  (၁) ၌ ကျင်းပသည်။

 


    ရှေးဦးစွာ  ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ဒုတိယပါမောက္ခချုပ် ဒေါက်တာအေးအေးပိုက   အမှာ စကားပြောကြားပြီး      ရန်ကုန် တောင်ပိုင်းခရိုင်  မီးသတ်ဦးစီးဌာန မှူးရုံးမှ  ဦးစီးအရာရှိ ဦးအောင်မျိုး ထွန်းက       မီးဘေးကြိုတင် ကာကွယ်ရေး      သတိပြုလိုက်နာ ဆောင်ရွက်ရမည့်   အချက်များ၊ မီးချိတ်၊ မီးကပ်၊ ရေ၊ သဲ ထားရှိရေး၊ လျှပ်စစ်ဝိုင်ယာကြိုးများ ပေါက်ပြဲ မှုမရှိရေး၊   မီးသတ်ဆေးဘူးများ စနစ်တကျထားရှိ ဆောင်ရွက်ရေး တို့နှင့်စပ်လျဉ်း၍ အသိပညာပေး ဆွေးနွေးသည်။

 


ထို့နောက်  လက်တွေ့မီးငြှိမ်း သတ်ပုံကို မီးသတ်တပ်ဖွဲ့ဝင်များ က    သရုပ်ပြကြသည်။    အဆိုပါ အခမ်းအနားသို့           ဒုတိယ ပါမောက္ခချုပ်နှင့်  ပါမောက္ခဌာန မှူးများ၊   ဒုတိယမြို့နယ်အုပ်ချုပ် ရေးမှူး၊   ဆရာ ဆရာမများနှင့် ကျောင်းသား     ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။


 သန်းဝင်း(သန်လျင်)