ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် မောင်မယ်သစ်လွင်ကြိုဆိုပွဲကျင်းပ

 

ရန်ကုန်   မေ   ၁၉


ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၏ ၂၀၂၂-၂၀၂၃     ပညာသင်နှစ် မောင်မယ်သစ်လွင်  ကြိုဆိုပွဲကို ယနေ့ နံနက်    ၁၀   နာရီတွင် သန်လျင်မြို့ရှိ  ယင်းတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌    ကျင်းပသည်။

 


ရှေးဦးစွာ     ရန်ကုန်တိုင်း ဒေသကြီး     သယံဇာတရေးရာ ဝန်ကြီး  ဦးဇော်ဝင်းက    ကြိုဆို နှုတ်ခွန်းဆက်စကား ပြောကြား ရာတွင် မောင်မယ်သစ်လွင်များ အနေဖြင့်   အမိတက္ကသိုလ်ကြီး တွင် အေးချမ်းပျော်ရွှင်စွာ အဆင့် မြင့်ပညာရပ်များကို  ပြီးမြောက် သည်အထိ သင်ယူလေ့ကျင့်သွားကြရန်လိုကြောင်း၊     ခေတ်ပညာ တတ်လူငယ်များဖြစ်ကြပြီး နိုင်ငံ အကျိုးသယ်ပိုးနိုင်သည့်   သား ကောင်း သမီးမွန်များ ဖြစ်ကြစေ ရန်   ဆုတောင်းပါကြောင်းဖြင့် ပြောကြားသည်၊၊

 


ဆက်လက်၍   ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ   ရန်ကုန် အရှေ့ပိုင်းတက္ကသိုလ်တွင် ဘက်စုံ အသုံးပြုနိုင်ရန်အတွက်    အလှူ ငွေကျပ် ငါးသိန်းကို   တိုင်းဒေသ ကြီး     သယံဇာတရေးရာ ဝန်ကြီး ဦးဇော်ဝင်းက ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ နေဝင်းဦးထံ   ပေးအပ်လှူဒါန်းသည်။

 


ထိုနောက် ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ နေဝင်းဦးက    ကြိုဆိုနှုတ်ခွန်း ဆက်စကား           ပြောကြားပြီး ပါမောက္ခချုပ်၊     ဒုတိယပါမောက္ခ ချုပ်များ၊ ပါမောက္ခဌာနမှူးများ၊ မော်ကွန်းထိန်းများ၊    စာကြည့် တိုက်မှူးတို့နှင့် မိတ်ဆက်ကြပြီး ဝိဇ္ဇာဘာသာရပ်၊  သိပ္ပံဘာသာရပ် တို့မှ      ပါမောက္ခဌာနမှူးများက ဘာသာရပ်နှင့်ပတ်သက်၍ လည်း ကောင်း၊ သင်တန်းရေးရာ ဌာနမှူး နှင့်   စာကြည့်တိုက်မှူးတို့က မိတ်ဆက်စကားများ   ပြောကြား ကြသည်။

 


ထို့နောက်    တိုင်းဒေသကြီး ဝန်ကြီးနှင့်   ဧည့်သည်တော်များ သည် မောင်မယ်သစ်လွင်များအား    ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။    

  
ခရိုင် (ပြန်/ဆက်)