
ရန်ကုန် ဇန်နဝါရီ ၂၄
ပညာရေးဝန်ကြီးဌာန အဆင့်မြင့် ပညာဦးစီးဌာန ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်၏ ဘွဲ့နှင်းသဘင်များ ကို ဇန်နဝါရီ ၂ဝ ရက်မှ ၂၂ ရက် အထိ သန်လျင်မြို့ရှိ အရှေ့ပိုင်း တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ ၌ ကျင်းပသည်။
ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၏ ၂၀၁၉-၂၀၂၀၊ ၂၀၂၁-၂၀၂၂ ပညာ သင်နှစ်များ၏ ဝိဇ္ဇာ၊ သိပ္ပံ၊ ဥပဒေ ပညာ၊ ဝိဇ္ဇာဂုဏ်ထူး၊ သိပ္ပံဂုဏ်ထူး၊ မဟာဝိဇ္ဇာနှင့် မဟာသိပ္ပံဘွဲ့ရရှိ သူများအား ဇန်နဝါရီ ၂၀ ရက်တွင် လည်းကောင်း၊ ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ် (အဝေးသင်သင်တန်း) ၏ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်များ ၏ ဝိဇ္ဇာ၊ သိပ္ပံ၊ ဥပဒေပညာ ဘွဲ့ရရှိ သူများအတွက် ပထမအကြိမ် ဘွဲ့နှင်းသဘင်ကို ဇန်နဝါရီ ၂၁ နှင့် ၂၂ ရက်များတွင် လည်းကောင်း ကျင်းပသည်။
အဆိုပါ ဘွဲ့နှင်းသဘင်များ တွင် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် နေ့သင်တန်းမှ ဝိဇ္ဇာ၊ သိပ္ပံ၊ ဥပဒေ၊ ဝိဇ္ဇာဂုဏ်ထူးနှင့် သိပ္ပံဂုဏ်ထူး ဘွဲ့ရရှိသူ စုစုပေါင်း ၁၃၈ ဦး နှင့် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် (အဝေးသင်သင်တန်း)မှ ဝိဇ္ဇာ၊ သိပ္ပံနှင့် ဥပဒေဘွဲ့ရ ၄၀၇၀တို့အား ရန်ကုန် အရှေ့ပိုင်းတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာနေဝင်းဦး က ဘွဲ့နှင်းအမှာစကားများ ပြောကြားပြီး ဘွဲ့လက်မှတ် များ ချီးမြှင့်အပ်နှင်းခဲ့ကြောင်း သိရသည်။ သန်းဝင်း(သန်လျင်)