
ရန်ကုန် သြဂုတ် ၂
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများသည် ဩဂုတ် ၁ ရက် ည ၁၀ နာရီခန့်က ရန်ကုန်-ပြည်လမ်း တစ်လျှောက် လမ်းလယ်ကျွန်း လမ်းမီးတိုင်စိုက်ထူခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အပိုင်း (၁) လုပ်ငန်းခွင်ဖြစ်သည့် ပါရမီ လမ်းဆုံ(အေဒီမီးပွိုင့်)မှ မင်္ဂလာဒုံ လေဆိပ်လမ်းဆုံအထိ လမ်းမီး တိုင် ၁၂၆ တိုင် စိုက်ထူ၍ မီးလုံး ၂၆၂ လုံး တပ်ဆင်ဆောင်ရွက်နေ သည့် လုပ်ငန်းခွင်ဧရိယာများဖြစ် သည့် ခုနစ်မိုင်ခွဲ၊ ရှစ်မိုင်တံတား အတက်အဆင်း နှစ်ဖက်၊ ဆည်မြောင်းလမ်းဆုံ၊ ကိုးမိုင် အောင်မြေ ဘုံသာသျှာမ်းကျောင်း ရှေ့၊ စန္ဒာသီရိလမ်းဆုံ၊ လေဆိပ် လမ်းဆုံများတွင် ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်း မှ စက်ယန္တရားကြီးများဖြင့် လည်းကောင်း၊ ဝန်ထမ်းများဖြင့် လည်းကောင်း လုပ်ငန်းဆောင် ရွက်နေမှုကို ကြည့်ရှုစစ်ဆေး သည်။
ထိုသို့ ဆောင်ရွက်နေသော အပိုင်း (၁) လုပ်ငန်းခွင်ကို ကြည့်ရှု စစ်ဆေးရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့အား ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေးကော်ပို ရေးရှင်း ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး နှင့် တာဝန်ရှိသူများက လုပ်ငန်း ဆောင်ရွက်နေမှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး လုပ်ငန်းခွင် အပိုင်း(၁)နှင့် ဇူလိုင် ၁၇ ရက်တွင် ဆောင်ရွက်ပြီးဖြစ်သော အပိုင်း(၂) ပါရမီလမ်းဆုံမှ လှည်းတန်း ခုံးကျော်တံတားအထိ၊ အပိုင်း(၃) လှည်းတန်းခုံးကျော် တံတားမှ မင်းရဲကျော်စွာ လမ်းထိပ်အထိ ရန်ကုန်-ပြည်လမ်းတစ်လျှောက် လမ်းလယ်ကျွန်းများနှင့် မီးတိုင် များတွင် ရောင်ပြန်များ တပ်ဆင် ထားရှိပြီး အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လုပ်ငန်းခွင် အတွင်း စက်ယန္တရားကြီးများနှင့် ဝန်ထမ်းများ၏ လုံခြုံရေးတို့ကို အမြဲမပြတ်သတိထား ဆောင်ရွက် ရန် မှာကြားပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေး ကြောင်း သိရသည်။
ဆန်းကျော်ဦး(ပြန်/ဆက်)