
နေပြည်တော် စက်တင်ဘာ ၁၂
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးသည် တာဝန်ရှိသူများနှင့်အတူ စက်တင်ဘာ ၁၁ ရက် နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အမြန်လမ်းမကြီးနှင့် တောင်ငူမြို့သို့ ချိတ်ဆက် သည့် လမ်းပိုင်းမိုင်တိုင် ၃ မိုင် ၁ ဖာလုံရှိ တောင်ငူမြို့ရှောင်လမ်းဖောက်လုပ်မည့် လျာထားနေရာကို သွားရောက်စစ်ဆေးကာ လုပ်ငန်းလိုအပ်ချက်များ မှာကြားသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင် ရွက်လျက်ရှိသည့် မန်းကျည်းပင်-ကင်းဆိပ်ကျေးရွာ လမ်းပေါ်ရှိ အရှည်ပေ ၃၇၀ နောင်ရိုးတံတား သို့ လည်းကောင်း၊ ရန်ကုန်-တောင်ငူ-မန္တလေး ပြည်ထောင်စု လမ်းမကြီး (တောင်ငူ-ပဲခူးအပိုင်း) B.O.T ကုမ္ပဏီများ၏ လမ်းပြုပြင် ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေ ကို လည်းကောင်း၊ ပဲနွယ်ကုန်း မြို့ရှောင်လမ်း ဆောင်ရွက်ထားရှိ မှုနှင့် လျာထားတံတား တည် ဆောက်မည့်နေရာကို လည်း ကောင်း ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေး
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးသည် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက် သော သူဌေးကုန်း-ကင်းရွာလမ်း အရှည် ၉ မိုင် ၅ ဖာလုံရှိသည့် အနက် ၂ မိုင် ၃ ဖာလုံအား ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုတို့ကို ကြည့်ရှု စစ်ဆေးသည်။
တိုးမြှင့်ဆောင်ရွက်
မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးတိုင်း ဒေသကြီး လမ်းဦးစီးဌာန ညွှန်ကြား ရေးမှူး(မြို့ပြ)ရုံးသို့ ရောက်ရှိပြီး ရှင်းလင်းဆောင်တွင် ရန်ကုန်-ပဲခူး-တောင်ငူ- မိတ္ထီလာ-မန္တလေး ပြည်ထောင်စုလမ်းမကြီး အပိုင်း တွင် တာဝန်ယူဆောင်ရွက်သော B.O.T ကုမ္ပဏီမှ တာဝန်ရှိသူများ နှင့်တွေ့ဆုံပြီး ယခု ပြည်ထောင်စု လမ်းမကြီးအား အာဆီယံ စံချိန် စံညွှန်းပြည့်မီအောင် ဆက်လက် ဆောင်ရွက်သွားရမည် ဖြစ်ပါ ကြောင်း၊ ပထမအဆင့် လမ်းအင်္ဂါ ရပ်များနှင့်အညီ လေးလမ်းသွား အဆင့် တိုးမြှင့်ဆောင်ရွက်ပေးရ မည်ဖြစ်ကြောင်း၊ ယာဉ်အန္တရာယ် ကင်းရှင်းရေးအတွက် ဆိုင်ကယ် လမ်းပါ ထည့်သွင်းစဉ်းစားပေးရမည်ဖြစ်ကြောင်း၊ လမ်းနယ်များ စနစ်တကျသတ်မှတ်ပေးပြီး လမ်း ဘေးဝဲ/ယာ လမ်းနယ်နိမိတ်အစပ် တွင် သစ်ပင်များ စိုက်ပျိုးပေးရ မည်ဖြစ်ကြောင်း၊ ယခုအချိန်မှစ၍ တစ်ဆင့်ပြီးတစ်ဆင့် ဆောင်ရွက် သွားရန်လိုပါကြောင်း၊ B.O.T ပဋိညာဉ်စာချုပ်ပါ အချက်များကို လည်း ခေတ်ကာလသတ်မှတ် ချက်၊ မူဝါဒများနှင့်အညီ ကိုက်ညီ စေရန် ပြန်လည်အသစ်ချုပ်ဆိုနိုင် ရေး အမြန်ဆုံးဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ မိမိတို့ တာဝန် ယူဆောင်ရွက်သည့် လမ်းအပိုင်း အလိုက် အရည်အသွေးပြည့်မီ ရေး အလေးထားဆောင်ရွက်စေလို ကြောင်း မှာကြားသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးသည် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အတူ ပဲခူးမြို့ တံတားဦးစီးဌာန တံတားအထူးအဖွဲ့(၉)မှ တာဝန် ယူတည်ဆောက်နေသော ကျုံးကူး တံတားသို့ရောက်ရှိပြီး တံတား ရှင်းလင်းဆောင်တွင် ပဲခူးတိုင်း ဒေသကြီးအတွင်းရှိ လမ်း/တံတား များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စပ်လျဉ်း ၍ ဆွေးနွေးကြသည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးသည် ရန်ကုန်-ပဲခူး-တောင်ငူ- မိတ္ထီလာ- မန္တလေး ပြည်ထောင်စု လမ်းမကြီးနှင့် ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းမကြီးတို့ကို ချိတ်ဆက် သည့် ဘုရားကြီး-ဘောနက်ကြီး လမ်းအပိုင်းတွင် လေးလမ်းသွား ကွန်ကရစ်လမ်းချဲ့ခြင်း၊ လမ်းဘေး ပလက်ဖောင်းနှင့် ရေမြောင်းများ ဆောင်ရွက်နေမှုကိုလည်းကောင်း၊ ကွန်ကရစ်ခင်းနေမှု အခြေအနေ ကိုလည်းကောင်း ကြည့်ရှုစစ်ဆေး သည်။
ညနေပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်-နေပြည်တော်- မန္တလေး အမြန် လမ်း ပြုပြင်ထိန်းသိမ်းထားရှိမှု၊ ကတ္တရာကွန်ကရစ်(AC) ခင်းပြီးမှု အခြေအနေတို့ကို လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးပြီး မိုင်တိုင် အမှတ်(၇၅/၇ နှင့် ၇၆/၀) ကြား တွင် တံတားဦးစီးဌာန တံတား အထူးအဖွဲ့(၁၀)မှ အရှည်ပေ ၄၅၀ ကျန်ချောင်းတံတား (အသွားလမ်း) Sub-Structure တည်ဆောက်နေ မှု အခြေအနေကို လည်းကောင်း၊ မိုင်တိုင်အမှတ် (၁၆၅/၁နှင့် ၁၆၅/၃) ကြား အရှည်ပေ ၈၁၀ ရှိ ဆွာချောင်းတံတား(အပြန်လမ်း) Pier Shaft နှင့် Cross Beam လုပ်ငန်းများ ဆောင်ရွက်နေမှု တို့ကို ကြည့်ရှုစစ်ဆေးကာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်း လိုအပ်ချက်များ မှာကြားခဲ့ကြောင်း သိရှိရသည်။
သတင်းစဉ်