
နေပြည်တော် မတ် ၁၃
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းအတွင်း မတ် ၁၂ ရက် ည ၈ နာရီ ၃၇ မိနစ်ခန့်တွင် တောင်ငူ-သောင်းတိုင်ကုန်း ဘူတာအကြား မိုင် ၁၆၄/၁၂-၁၃ ကြား တံတားအမှတ် (၂၆၃) အရှည်ပေ ၆၈၀ သံပေါင်တံတား (ခပေါင်းတံတား) ပေါ်တွင် မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သတင်းအရ နယ်မြေခံလုံခြုံရေးအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ တံတား၏ လူသွားလမ်းအတက်အုတ်ခုံ ပျက်စီးခဲ့ကြောင်း တွေ့ရှိရပြီး တောင်ငူ-သောင်းတိုင်ကုန်း ရထားလမ်းပိုင်းအား ယနေ့ နံနက် ၆ နာရီတွင် ခေတ္တပိတ်ခဲ့ရသည်။
မိုင်းပေါက်ကွဲမှုဖြစ်စဉ်ဖြစ်ပွား ရာနေရာသို့ နယ်မြေဒေသတာဝန် ရှိသူများ၊ နယ်မြေခံ လုံခြုံရေး တပ်ဖွဲ့ဝင်တို့က အချိန်နှင့်တစ်ပြေး ညီ နယ်မြေရှင်းလင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပြီး မြန်မာ့မီးရထား ဝန်ထမ်းများက တံတားကြံ့ခိုင်မှု နှင့် ရထားလမ်းပိုင်းအား စစ်ဆေး ဆောင်ရွက်ခဲ့ကာ တောင်ငူ-သောင်း တိုင်ကုန်း ရထားလမ်းပိုင်းကို ယနေ့နံနက် ၇ နာရီ ၂၅ မိနစ်တွင် ပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့သည်။
အဆိုပါ မိုင်းပေါက်ကွဲမှု ဖြစ်စဉ်ကြောင့် ပျက်စီးဆုံးရှုံးမှု ကြီးကြီးမားမား ဖြစ်ပေါ်ခြင်းမရှိခဲ့ သော်လည်း မိုင်းဖောက်ခွဲခံရသည့် ခပေါင်းတံတားသည် ရန်ကုန်-မန္တလေးရထားလမ်းပိုင်းအတွင်း တောင်ငူနှင့် သောင်းတိုင်ကုန်း ဘူတာအကြား အဓိကတံတား တစ်စင်းဖြစ်ပြီး ရန်ကုန်-တောင်ငူ ရထားလမ်းပိုင်း အဆင့်မြှင့်တင် ရေး စီမံကိန်းဆောင်ရွက်နေစဉ် အဆိုပါတံတားတစ်စင်းတည်းကို သာ အစုန်/အဆန် ရထားများ ဖြတ်သန်းနေရသဖြင့် မိုင်းဖောက်ခွဲ မှုကြောင့် တံတားထိခိုက်ပျက်စီး ခဲ့ပါက ရထားသွားလာမှုရပ်ဆိုင်းသွားနိုင်၍ ခရီးသွားပြည်သူများ နှင့် ကုန်စည်သယ်ယူပို့ဆောင်မှုကို ထိခိုက်စေလိုသော ရည်ရွယ်ချက် ဖြင့် ဖောက်ခွဲဖျက်ဆီးခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှစ၍ ယခု အချိန်အထိ မြန်မာ့မီးရထားလမ်း ကွန်ရက်တစ်ခုလုံးတွင် ရထား လမ်းနှင့် ရထားဘူတာနယ်မြေ အတွင်း ဗုံးထောင်မိုင်းခွဲ/ဖျက်ဆီး ခြင်း အကြိမ် ၁၃၀ ၊ ရထားတံတား များအား မိုင်းခွဲဖျက်ဆီးခြင်း အကြိမ် ၅၀ ၊ ဘူတာအဆောက် အဦနှင့် ဝန်ထမ်းနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း ၁၂ ကြိမ် ကျူးလွန်ခဲ့ကြပြီးဖြစ်သည်။
နိုင်ငံတော်အစိုးရ အနေဖြင့် အများပြည်သူခရီးသွားလာမှုနှင့် ကုန်စည်ပို့ဆောင်မှု အဆင်ပြေ ချောမွေ့မြန်ဆန်စေရေးအတွက် ရထားလမ်း အခြေခံအဆောက် အဦများ ပိုမိုကောင်းမွန်လာစေ ရေး၊ ရထားပို့ဆောင်ရေးစနစ်ကို အဆင့်မြှင့်တင်နေသည့် စီမံကိန်း လုပ်ငန်းများကို ရည်မှန်းချက် ထားရှိ၍ စီမံဆောင်ရွက်ပေးလျက် ရှိသော်လည်း အကြမ်းဖက် သောင်းကျန်းသူများကမူ နိုင်ငံ တော်ပိုင် ရထားစက်ခေါင်း၊ တွဲ များနှင့် ခရီးသည်များ၊ ကုန်စည် များ ထိခိုက်ပျက်စီးစေရေး၊ ပြည်သူများ အသက်အန္တရာယ် ထိခိုက်ပြီး စိတ်မချမ်းမြေ့စေရေး ရထားဖြင့် ခရီးသွားလာမှုမပြုရဲ အောင် ခြိမ်းခြောက်ခြင်းတို့အပြင် ရန်ကုန်-မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ရေး စီမံကိန်း လုပ်ငန်းများ အချိန်ပိုမိုကြန့်ကြာစေ ရေးတို့အတွက် ယုတ်မာပက်စက် သောရည်ရွယ်ချက်များဖြင့် အကြိမ် ကြိမ် ကျူးလွန်နေကြသောကြောင့် အဆိုပါအကြမ်းဖက်သောင်းကျန်း သူများ၏ ယုတ်မာပက်စက်မှုများ အပေါ် ဒေသခံ ပြည်သူတစ်ရပ်လုံး က ပြင်းထန်စွာ ဆန့်ကျင်ကန့်ကွက် ရှုတ်ချလျက်ရှိကြောင်း သတင်းရရှိ သည်။
သတင်းစဉ်