ရန်ကုန် - မန္တလေး ရထားခရီးစဉ်တွင် ရထားတစ်စင်းတည်းဖြင့် ပြေးဆွဲမည်ဖြစ်ပြီး ကျန်ခရီးစဉ်များကို ယာယီရပ်ဆိုင်းထား

 

ရန်ကုန်    ဒီဇင်ဘာ   ၂၇


ရန်ကုန် - မန္တလေး   ရထားခရီးစဉ်တွင်   ရထားတစ်စင်းတည်းဖြင့် ပြေးဆွဲမည်ဖြစ်ပြီး ကျန်ခရီးစဉ်များကို ယာယီရပ်ဆိုင်းထားကြောင်း မြန်မာ့မီးရထားမှ သိရသည်။


“လောလောဆယ်  ကျွန်တော်တို့  ရန်ကုန် - မန္တလေး  ရထားက တစ်စင်းပဲပြေးမှာ။ အမှတ်(၅) အဆန်ရထား နံနက် ၅ နာရီထွက်မယ်။ ကျန်တဲ့ရထားတွေ  လောလောဆယ်ဖျက်သိမ်းထားတယ်”ဟု  မြန်မာ့ မီးရထားမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။


ရန်ကုန် - မန္တလေး  အမှတ်(၅)အဆန် ရထားမှာ  ရန်ကုန်မှ  နံနက်  ၅ နာရီတွင် စတင်ထွက်ခွာကာ မန္တလေးသို့ ညပိုင်း ၁၀ နာရီ မိနစ် ၂၀ တွင် ဆိုက်ရောက်မည်ဖြစ်ကြောင်း၊ ထိုရထားမှာ မန္တလေး - ရန်ကုန် မှ အမှတ်(၆) အစုန်ရထားအဖြစ် မန္တလေးမှ နံနက် ၅ နာရီတွင် စတင် ထွက်ခွာကာ ရန်ကုန်သို့ ည ၁ဝ နာရီခွဲ ဆိုက်ရောက်မည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။


“ညနေရထားက နံနက် ၅ နာရီမှာ ပြေးမှာ။ တစ်စင်းတည်းရှိတယ်။ ရန်ကုန် - မန္တလေးရထားလမ်းမှာ  ကျန်တဲ့ရထားခရီးစဉ်တွေ  ဘယ် အချိန် ပြန်ဆွဲမလဲ ကျွန်တော်တို့မှန်းလို့မရသေးဘူး ”ဟု တာဝန်ရှိသူက ဆိုသည်။


အဆန်ခရီးစဉ်တွင်  ပဲခူး၊  တောင်ငူ၊  ပျဉ်းမနား၊  နေပြည်တော်၊ သာစည်ဘူတာတို့တွင်သာ ရပ်တန့်ပေးမည်ဖြစ်ကြောင်းလည်း မြန်မာ့ မီးရထားမှ သိရသည်။                                                  

သစ်တော်