
နေပြည်တော် ဧပြီ ၁၈
ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ငွေကျပ် ၁၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၀ သန်း ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာ နိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့ သည် ဧပြီ ၁၃ ရက် မွန်းလွဲ ၁ နာရီတွင် မန္တလေးတိုင်းဒေသ ကြီး မိတ္ထီလာမြို့နယ် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၂၈၄/၅) အနီးတွင် မန္တလေးမှ ရန်ကုန်ဘက်သို့ ဇာနည်ထွန်း မောင်းနှင်လာသော Prado မော်တော်ယာဉ်နှင့် ရှေ့နောက် လိုက်ပါလာသည့် မိုးဟိန်း မောင်းနှင်ပြီး ငြိမ်းချမ်း သူ (ခ) ကျန်ကျောင်း လိုက်ပါလာ သော Prado မော်တော်ယာဉ် တို့ကို သတင်းအရရှာဖွေရာ ၎င်းမော်တော်ယာဉ် နှစ်စီးပေါ်မှ ဒေသ ကာလတန်ဖိုးငွေကျပ် ၁၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၀ သန်း သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေး ဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများအား မန္တလေးတိုင်းဒေသကြီးမှ ရန်ကုန် တိုင်းဒေသကြီးသို့ သယ်ဆောင် ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့ကို ဥပဒေအရ အရေးယူ ထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများကို ဆက်လက် စစ်ဆေး ဖော်ထုတ်လျက်ရှိ ကြောင်း သိရသည်။
သတင်းစဉ်