
ဂျီကွမ် ဧပြီ ၂၅
တရုတ်နိုင်ငံသည် ခြောက်လကြာ အာကာသမစ်ရှင်တစ်ခုအတွက် အာကာသယာဉ်မှူး သုံးဦးကို တီယန် ခေါင်အာကာသစခန်းသို့စေလွှတ်ရန် ရှန်ကျို့ - ၁၈ လူလိုက်ပါသည့် အာကာသယာဉ်တစ်စင်းကို ဧပြီ ၂၅ ရက်က လွှတ်တင်ခဲ့သည်။
လောင့်ချ်မာချ် - ၂အက်ဖ် သယ်ဆောင်ရေးဂြိုဟ်တုထိပ်ဆုံးရှိ အာကာသယာဉ်ကို တရုတ်နိုင်ငံအနောက် မြောက်ပိုင်း ဂျီကွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ လွှတ်တင်ခဲ့သည်။
ရှန်ကျို့ - ၁၈ မစ်ရှင်တွင် ပါဝင်သော အာကာသယာဉ်မှူးများမှာ ယီခေါင်ဖု၊ လီကွန်နှင့် လီဂန်ဆုတို့ ဖြစ်ကြသည်။ အဆိုပါမစ်ရှင်တွင် ယီသည် မစ်ရှင်အုပ်ချုပ်သူအကြီးအကဲအဖြစ် လိုက်ပါလာမည်ဖြစ် ကြောင်း တရုတ်လူလိုက်ပါသည့် အာကာသအေဂျင်စီ (စီအမ်အက်စ်အေ)က ပြောသည်။
ရှန်ကျို့ - ၁၈ မစ်ရှင်သည် ယီ၏ ဒုတိယအာကာသခရီးစဉ်ဖြစ်သည်။ အောက်တိုဘာ ၂၀၂၁ မှ ဧပြီ ၂၀၂၂ အထိကြာသည့် ရှန်ကျို့ - ၁၃ မစ်ရှင်တွင် ယီသည် မစ်ရှင်အဖွဲ့ဝင်အဖြစ် လိုက်ပါခဲ့ဖူးသည်။ လီကွန် နှင့် လီဂန်ဆုတို့အတွက် ယခုမစ်ရှင်သည် ပထမဆုံးအာကာသစွန့်စားခန်းခရီးစဉ်ဖြစ်သည်။
ဆင်ဟွာ