ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ တိုင်းရင်းဆေးပညာရှင်များ နည်းပညာရပ်ဆိုင်ရာ အစည်းအဝေး မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် တက်ရောက်

 

နေပြည်တော်  ဖေဖော်ဝါရီ   ၃ 


ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့   (Shanghai Cooperation Organization)၏  တိုင်းရင်းဆေး ပညာရှင်များ      နည်းပညာရပ် ဆိုင်ရာအစည်းအဝေးကို   အိန္ဒိယ နိုင်ငံ   Ministry of Ayush  နှင့် Ministry of Health and Family Welfare   တို့က     ကြီးမှူး၍ ဖေဖော်ဝါရီ ၃ ရက်က    Virtual စနစ်ဖြင့် ကျင်းပရာ  ဆွေးနွေးဖက် နိုင်ငံဖြစ်သူ  မြန်မာနိုင်ငံ  ကျန်းမာ ရေးဝန်ကြီးဌာနမှ   တိုင်းရင်းဆေး ပညာဦးစီးဌာန   ညွှန်ကြားရေးမှူး ချုပ် ဒေါက်တာ စုစုဒွေး     တက် ရောက်ဆွေးနွေးသည်။

 


အဆိုပါ   အစည်းအဝေးအား အိန္ဒိယနိုင်ငံမှ      အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပြီး   အိန္ဒိယနိုင်ငံ နှင့်   တရုတ်ပြည်သူ့သမ္မတနိုင်ငံ တို့မှ     တိုင်းရင်းဆေးပညာရပ် ဆိုင်ရာ  တာဝန်ရှိသူများက ကြိုဆို နှုတ်ခွန်းဆက်စကား    ပြောကြား ပြီး     အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် အိန္ဒိယ၊ တရုတ်၊ ရုရှား၊ ကာဇက် စတန်၊   ကာဂျစ်စတန်၊    တာဂျီ ကစ္စတန်၊  ပါကစ္စတန်နှင့် ဥဇဘက် ကစ္စတန်နိုင်ငံတို့မှ  တိုင်းရင်းဆေး ပညာရပ်ဆိုင်ရာ  ပညာရှင်များက နိုင်ငံအလိုက်       တိုင်းရင်းဆေး ပညာရပ်    ဖွံ့ဖြိုးတိုးတက်စေရေး ကိစ္စရပ်များ၊     တိုင်းရင်းဆေး ပညာသင်ကြားမှုနှင့်   သုတေသန လုပ်ငန်းများ  ဖွံ့ဖြိုးတိုးတက်ရေး နှင့်     ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များ၊   တိုင်းရင်းဆေးဝါး ထုတ်လုပ်ရေးကဏ္ဍ       ဖွံ့ဖြိုး တိုးတက်ရေး      ကိစ္စရပ်များနှင့် တွေ့ကြုံရသည့်   စိန်ခေါ်မှုများ အား          အဖွဲ့ဝင်နိုင်ငံများ၊    လေ့လာသူ နိုင်ငံများ၊      မိတ်ဖက် နိုင်ငံများအကြား      အပြန်အလှန်   ပူးပေါင်း       ဆောင်ရွက်နိုင်မည့်   ကိစ္စရပ်များအား     ဆွေးနွေးကြ သည်။

 


အဆိုပါ       အစည်းအဝေးကို ရှန်ဟိုင်း   ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့၏ အဖွဲ့ဝင်နိုင်ငံများ၊ လေ့လာ သူနိုင်ငံများ၊    ဆွေးနွေးဖက်နိုင်ငံ များမှ    တိုင်းရင်းဆေးပညာရပ် ဆိုင်ရာ    ကျွမ်းကျင်ပညာရှင်များ နှင့်    မြန်မာနိုင်ငံ  ကျန်းမာရေး ဝန်ကြီးဌာန    တိုင်းရင်းဆေးပညာ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်  ဒေါက်တာ  စုစုဒွေး၊     မန္တလေး တိုင်းရင်းဆေးတက္ကသိုလ် ပါမောက္ခ ချုပ်    ပါမောက္ခ  ဒေါက်တာ           သိန်းဇော်လင်းနှင့်     တာဝန်ရှိသူ များ      တက်ရောက်ကြောင်း သတင်းရရှိသည်။     

သတင်းစဉ်