
ရှန်ဟိုင်း နိုဝင်ဘာ ၂၄
ရှန်ဟိုင်း ဒစ္စနေးလ်ဥယျာဉ်ကို နိုဝင်ဘာ ၂၅ ရက်တွင် ပြန်လည် ဖွင့်လှစ်သွားတော့မည် ဖြစ် သည်။
ယခု သီတင်းပတ်အတွင်း တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ နေ့စဉ် ကူးစက်မှုနှုန်းမှာလည်း မြင့်မား လျက်ရှိသည်။ ကပ်ရောဂါ ထိန်းချုပ်ရေး စည်းကမ်းချက် များ အောက်တွင် တင်းကျပ် သည့် ကန့်သတ်မှုများနှင့်အတူ ရှန်ဟိုင်းဒစ္စနေးလ် အပန်းဖြေ ဥယျာဉ်ကို ပြန်လည်ဖွင့်လှစ် မည်ဟု သိရသည်။
ရောဂါ ကူးစက်မှုများကို ကာကွယ်ရန်အတွက် ရှန်ဟိုင်း ဒစ္စနေးလ်ဥယျာဉ်ကို ပြီးခဲ့သည့် အောက်တိုဘာလမှ စတင်ကာ ပိတ်ထားခဲ့သည်။ လည်ပတ်သူ များကို ဆွဲဆောင်နိုင်သည့် အချို့သောပွဲစဉ်များ ယခုကာလ တွင် ရရှိနိုင်ဦးမည် မဟုတ်ချေ။ လာရောက် လည်ပတ်မည့် ဧည့်သည်များအားလုံး ၄၈ နာရီ အတွင်း ဆေးစစ်ထားသည့် ကိုဗစ်-၁၉ ကင်းစင်ကြောင်း ဆေးလက်မှတ် ပါရှိရမည် ဖြစ်သည်။
တရုတ်နိုင်ငံ၌ နိုဝင်ဘာ ၂၃ ရက်က ကိုဗစ်-၁၉ ကူးစက် ခံရမှုပေါင်း ၂၉၀၀၀ တွေ့ရှိခဲ့ သည်။ ဧပြီလက ကူးစက်ခံရမှု များထက်ပင် နေ့စဉ်ကူးစက်မှု အရေအတွက်မှာ မြင့်မားနေ သည်ကို တွေ့ရသည်။
တရုတ်အစိုးရသည် စီးပွား ရေး ရှင်သန်စေမည့် လှုပ်ရှားမှု များပြုလုပ်ရန် ရည်ရွယ်ထား သည်။ ယခုလ အစောပိုင်းကပင် ကိုဗစ် -၁၉ စည်းကမ်းကန့်သတ် ချက်အချို့ကို ဖြေလျှော့ပေးခဲ့ သည်။ သို့သော်လည်း အာဏာ ပိုင်များသည် ကိုဗစ် -၁၉ ကူးစက် ခံရသူ လုံးဝမရှိစေရေး မူဝါဒကို လက်ကိုင်ထားဆဲဖြစ်သည်။
အင်န်အိတ်ချ်ကေ