
ရန်ကုန် ဇူလိုင် ၂၁
အာဆီယံ-ကိုရီးယား ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များအနက် တစ်ခုဖြစ်သည့် Private Investor Relation Program ကို ၂၀၂၂ ခုနှစ် ဇူလိုင်လမှ ဒီဇင်ဘာလအတွင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
Private Investor Relation Program တွင် မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်နှင့် ထိုင်း နိုင်ငံတို့မှ တစ်နိုင်ငံလျှင် startups လုပ်ငန်း အနည်းဆုံး ၁၀ ခုစီ ပါဝင်ခွင့် ရရှိမည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံသော ကိုရီးယား Investor ကုမ္ပဏီ နှင့် Startups Investor Relation (IR) တည်ဆောက်၍ ချိတ်ဆက်တွေ့ဆုံနိုင်စေရန် ပြုလုပ်ပေးသည့် အစီအစဉ်ဖြစ်ကြောင်း သိရသည်။
အကျိုးကျေးဇူးများ
Startups Investor Relationship အစီအစဉ်တွင် ပါဝင်ခြင်းဖြင့် မြန်မာ startups များသည် အာဆီယံနိုင်ငံများတွင် ရင်းနှီးမြှုပ်နှံ လိုသော ကိုရီးယားရင်းနှီးမြှုပ်နှံသူများနှင့် တွေ့ဆုံနိုင်ခွင့်ရရှိသောကြောင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများရရှိခြင်း၊ ကိုရီးယားဈေးကွက် များတွင် ချိတ်ဆက်နိုင်သော အချိတ်အဆက် များ ရရှိခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိမည်ဖြစ်သည်။
အဆိုပါ အစီအစဉ်တွင် ပါဝင်လိုသည့် startups များအနေဖြင့် လုပ်ငန်းသက်တမ်း ခုနစ်နှစ် ရှိရမည်ဖြစ်ပြီး Introductory Materials များနှင့်အတူ မူဝါဒနှင့် ပြည်ပရေးရာ ဌာန smepolicydepartment21@ gmail.com သို့ ဇူလိုင် ၂၅ ရက်အရောက် ပြန်လည် ပေးပို့နိုင်ကြောင်း သိရသည်။
ကိုရိုး