
နေပြည်တော် မတ် ၁၉
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဝန်ထမ်းများ အား ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် စပ်လျဉ်း ၍ ရှင်းလင်းပြောကြားခြင်း အခမ်းအနား ကို ယနေ့ ညနေပိုင်း၌ နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ ကျင်းပသည်။
အခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူး ချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အရာ ထမ်း / အမှုထမ်းများ၊ မိသားစုဝင်များ တက်ရောက်ကြပြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ရုံးချုပ် နှင့် တိုင်းဒေသကြီး/ ပြည်နယ် ဦးစီးမှူးရုံး များမှ အရာထမ်း / အမှုထမ်းများက အွန်လိုင်းဖြင့် တက်ရောက်ကြသည်။
နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်
အခမ်းအနားတွင် ပြည်ထောင်စု ဝန်ကြီးက မြန်မာနိုင်ငံတွင် ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရရှိပြီး နောက် ၁၉၅၉ ခုနှစ် တွင် ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်း ခဲ့ကြောင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈၊ အခန်း (၈) နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များအခန်း၏ ပုဒ်မ ၃၈၅ တွင် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်၏ လွတ်လပ်ရေး၊ အချုပ်အခြာ အာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေး တို့ကို ကာကွယ်စောင့်ရှောက်ရေးသည် နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်ကြောင်း၊ ပုဒ်မ ၃၈၆ တွင် နိုင်ငံသားတိုင်းသည် ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ စစ်ပညာ သင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေး အတွက် စစ်မှုထမ်းရန် တာဝန်ရှိသည်ဟု ပြဋ္ဌာန်းထားပါကြောင်း၊ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီလက်ထက်၂၀၁၀ ပြည့်နှစ်၊ နိုဝင် ဘာလတွင် ပြည်သူ့စစ်မှုထမ်းဥပဒေကို ဥပဒေအမှတ် (၂၇/၂၀၁၀) ဖြင့် ပြဋ္ဌာန်းခဲ့ ပြီး ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက် တွင် အာဏာတည်ကြောင်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီက အမိန့်ထုတ်ပြန်ခဲ့ ပါကြောင်း ပြောကြားသည်။
စစ်မှုထမ်းဆောင်ရန် လိုအပ်
ထို့နောက် ဒုတိယအမြဲတမ်းအတွင်း ဝန် ဦးဇော်လွင်ဦးက နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ် အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန် တာဝန်ရှိကြောင်း၊ ထိုသို့ စောင့်ထိန်းနိုင် ရေးအတွက် စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှု ထမ်းဆောင်ရန် လိုအပ်ကြောင်း၊ ပြည်သူ့ စစ်မှုထမ်းဥပဒေကို အခန်း (၈) ခန်း၊ ပုဒ်မ ၃၃ ခု ဖြင့် ပြဋ္ဌာန်းထားရှိကြောင်း၊ ဝန်ထမ်း များအနေဖြင့်လည်း ပြည်သူ့စစ်မှုထမ်း အဖြစ် တာဝန်ထမ်းဆောင်ရပါက အဆိုပါ ကာလအား တာဝန်ချိန်အဖြစ် သတ်မှတ် ပေးထားပြီး စစ်မှုထမ်းတာဝန်ပြီးဆုံးချိန် တွင် မူလထမ်းဆောင်ခဲ့သော အလုပ် တာဝန်ကို ပြန်လည်ထမ်းဆောင်နိုင်မည် ဖြစ်ကြောင်း၊ ကမ္ဘာ့နိုင်ငံအများစုတွင် လည်း စစ်မှုမထမ်းမနေရ ဥပဒေကို ပြဋ္ဌာန်းကျင့်သုံးလျက်ရှိကြောင်း၊ နိုင်ငံ သားတစ်ဦး၊ ဝန်ထမ်းတစ်ဦးအနေဖြင့် နိုင်ငံတော်က ပြဋ္ဌာန်းထားသည့် ဥပဒေ တစ်ရပ်ကို လိုက်နာဆောင်ရွက် ရန် တာဝန်ရှိကြောင်းနှင့် နိုင်ငံတော် ကို တစ်ဖက်တစ်လမ်းမှ ကာကွယ် စောင့်ရှောက်ပေးနိုင်ကြစေ လိုကြောင်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်