ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၏ ပဉ္စမအကြိမ် ထမနဲထိုးပြိုင်ပွဲကျင်းပ

 

နေပြည်တော်   ဖေဖော်ဝါရီ   ၂၂ 
မြန်မာ့ဓလေ့ရိုးရာ ယဉ်ကျေးမှု အစဉ်အလာကို ထိန်းသိမ်းစောင့်ရှောက်တတ်စေရန်၊ ဝန်ထမ်းများအချင်းချင်း ရုံးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အပြန်အလှန် ညီညွတ်မျှတစွာဖြင့် အသင်းအဖွဲ့ စိတ်ဓာတ်ကို အရင်းခံပြီး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်တတ်စေရန်၊ တစ်ဦးနှင့် တစ်ဦး အပြန်အလှန် ချစ်ကြည်ရင်းနှီးမှုနှင့် ပျော်ရွှင်မှုတို့ကို ရရှိစေရန် ရည်ရွယ်ချက်များဖြင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၏ ဝန်ထမ်းမိသားစု  စုပေါင်းထမနဲထိုးပြိုင်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရုံးအမှတ် (၁) ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
အခမ်းအနားသို့   ရင်းနှီးမြှုပ်နှံမှုနှင့်   နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်း အတွင်းဝန်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာန ဆိုင်ရာ အကြီးအကဲများနှင့် အရာထမ်း၊ အမှုထမ်း များ  တက်ရောက်ကြပြီး  ပျော်ရွှင်စွာ  ပါဝင်ဆင်နွှဲ ကြသည်။ 
ဦးစွာ ပြည်ထောင်စုဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ် နှင့် တာဝန်ရှိသူများသည် ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ ပြိုင်ပွဲဝင်အသင်းများ၏ မြန်မာ့ရိုးရာ ယဉ်ကျေးမှုအစဉ်အလာအတိုင်း တပျော်တပါး ထမနဲ ထိုး ယှဉ်ပြိုင်နေမှုတို့ကို ကြည့်ရှုအားပေးသည်။ 
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ညွှန်ကြားရေး မှူးချုပ်နှင့်  တာဝန်ရှိသူများသည်  ဝန်ကြီးဌာန၏ ဝန်ထမ်းမိသားစုများ    စုပေါင်းထမနဲထိုးပြိုင်ပွဲတွင် ဆုရရှိသည့်အသင်းများကို ဂုဏ်ပြုဆုများ ပေးအပ် ချီးမြှင့်ကြောင်း သိရှိရသည်။                သတင်းစဉ်