
နေပြည်တော် ဖေဖော်ဝါရီ ၃
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၏ စတုတ္ထအကြိမ်မြောက် ထမနဲထိုး ပြိုင်ပွဲကို ယနေ့တွင် နေပြည်တော် ရုံးအမှတ် (၁) တွင် ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော် တက်ရောက်အားပေးပြီး အဖွင့်အမှာစကား ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနရှိ ဝန်ထမ်း များအား မြန်မာ့ရိုးရာဓလေ့ကို သိမြင်စေရုံသာမက ဝန်ထမ်းများတစ်ဦးနှင့်တစ်ဦး အပြန်အလှန်ချစ်ကြည် ရင်းနှီးမှု၊ ပျော်ရွှင်မှု၊ ညီညွတ်စွာ စုပေါင်းလုပ်ဆောင် တတ်မှုကို ဖော်ဆောင်လိုသည့် ရည်ရွယ်ချက်ဖြင့် ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၏ ထမနဲထိုးပြိုင်ပွဲတွင် ပြည်ထောင်စု ဝန်ကြီးရုံးနှင့် ဦးစီးဌာန နှစ်ခုတို့မှ ဝန်ထမ်းများ ပါဝင် သည့် ပြိုင်ပွဲဝင် အဖွဲ့သုံးဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင် အနိုင်ရရှိသောအဖွဲ့များကို ဆုများ ချီးမြှင့် ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်