ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းနှစ်ခုဖြင့် ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်း ၄၆၁ ဦးအတွက် ဖန်တီးပေး

 

ရန်ကုန်    စက်တင်ဘာ    ၂၇


ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၉/၂၀၂၃) ကြိမ်မြောက်အစည်းအဝေးကို ယနေ့ နံနက်က ရန်ကင်းမြို့နယ်ရှိ တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီရုံး၌ ကျင်းပသည်။


ဦးစွာတိုင်းဒေသကြီး   ရင်းနှီး မြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ    တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း နှင့် ကော်မတီအဖွဲ့ဝင် တိုင်းဒေသ ကြီးဝန်ကြီးများသည်   လုပ်ငန်း ဆောင်ရွက်လျက်ရှိသော ကုမ္ပဏီ များ၏    ထုတ်ကုန်ပစ္စည်းနမူနာ ပြသထားရှိမှုများကို     ကြည့်ရှု အားပေးကြသည်။


ထို့နောက်    တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ   ဥက္ကဋ္ဌ တိုင်းဒေသကြီး     ဝန်ကြီးချုပ်က အမှာစကား    ပြောကြားသည်။ အစည်းအဝေးတွင် ရန်ကုန်တိုင်း ဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ သည်   စက်မှုကဏ္ဍတွင်   ဖက်စပ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း နှစ်ခုတို့ကို   အတည်ပြုပေးပြီး အတည်ပြု‌ပေးခဲ့သည့်    လုပ်ငန်း များမှာ   CMP  စနစ်ဖြင့်  အဝတ် အထည်အမျိုးမျိုး    ချုပ်လုပ်ခြင်း လုပ်ငန်းနှင့်   Adhesive  Resin အမျိုးမျိုး     ထုတ်လုပ်ခြင်းနှင့် ရောင်းချခြင်းလုပ်ငန်းတို့   ဖြစ်ပြီး အဆိုပါ   ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း များ၏ မတည်ငွေရင်းပမာဏမှာ အမေရိကန်   ဒေါ်လာ   ၀ ဒသမ ၆၁၉ သန်းဖြစ်ပြီး ပြည်တွင်းအလုပ် အကိုင်    အခွင့်အလမ်း   ၄၆၁ ဦး အတွက်       ဖန်တီးပေးနိုင်မည် ဖြစ်သည်။


ထို့အပြင် အစည်းအဝေးတွင် မတည်ငွေရင်းပမာဏ    တိုးမြှင့် မည့်  လုပ်ငန်းတစ်ခု  အပါအဝင် အထွေထွေကိစ္စရပ်များ တင်ပြလာ သည့် ကုမ္ပဏီ ၁၃ ခု၏ တင်ပြချက် များကိုလည်း ဆွေးနွေးဆုံးဖြတ် ခဲ့ကြကြောင်း သိရသည်။

ဆန်းကျော်ဦး(ပြန်/ဆက်)