ရှင်ဇိုအာဘေး၏ နိုင်ငံတော်ဈာပနအခမ်းအနားအတွက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၈ သန်းခန့် အသုံးပြုမည်

 

တိုကျို     ဩဂုတ်    ၂၇


ဂျပန်အစိုးရအဖွဲ့ ဝန်ကြီးများသည် ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး၏ နိုင်ငံတော်ဈာပနအခမ်းအနား အတွက် အသုံးစရိတ်ကို ဩဂုတ် ၂၆ ရက်က အတည်ပြုလိုက်ကြောင်း အင်န်အိတ်ချ်ကေသတင်းတစ်ရပ်၏ ဖော်ပြချက်အရ သိရသည်။ 

 


အဆိုပါ       နိုင်ငံတော်ဈာပနအခမ်းအနားကို လာမည့်လတွင်   ကျင်းပရန်  စီစဉ်ထားကြောင်းနှင့် အခမ်းအနားအတွက်     ခန့်မှန်းခြေကုန်ကျစရိတ် သည် အမေရိကန်ဒေါ်လာ  ၁ ဒသမ ၈ သန်းခန့် ရှိကြောင်း သိရသည်။ ထို့အပြင် အဆိုပါ ကုန်ကျ စရိတ်များကို     ဂျပန်အစိုးရက    တာဝန်ယူသွား မည်ဖြစ်ပြီး ဧည့်သည် ၆၀၀၀ ဖိတ်ကြားရန် စီစဉ် ထားသည်။ 

 


ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး၏  ဈာပန အခမ်းအနားကို စက်တင်ဘာ ၂၇ ရက်တွင် တိုကျို မြို့ Nippon  Budokan  ၌ ကျင်းပသွားမည်ဖြစ်ကြောင်း  သိရသည်။ အဆိုပါ အခမ်းအနား   ပြင်ဆင်ရန်အတွက်     အမေရိကန်ဒေါ်လာ   ၁ ဒသမ ၅ သန်းကို   ခွဲဝေချ ထားပြီးဖြစ်ကြောင်း     သိရသည်။     ကျန်ရှိသည့် ငွေများကို နေရာငှားရမ်းခ၊  သယ်ယူပို့ဆောင်ရေးနှင့်    အထွေထွေအသုံးစရိတ်များအတွက်   အသုံးပြုသွား မည် ဖြစ်သည်။


အင်န်အိတ်ချ်ကေ