ရှမ်းယူနိုက်တက်နှင့် ဆီဘူးအသင်း ပွဲကြိုသတင်းစာရှင်းလင်းပွဲ ပြုလုပ်

 

ရန်ကုန်  နိုဝင်ဘာ    ၈


၂၀၂၃-၂၀၂၄  ရာသီ AFC Cup ပြိုင်ပွဲ   အာဆီယံဇုန်   အုပ်စု စတုတ္ထနေ့အဖြစ် ယှဉ်ပြိုင်ကစား မည့် ရှမ်းယူနိုက်တက်အသင်းနှင့် ဖိလစ်ပိုင်ကလပ်  ဆီဘူးအသင်း တို့၏  ပွဲကြိုသတင်းစာရှင်းလင်း ပွဲကို      နိုဝင်ဘာ  ၈  ရက်က  သုဝဏ္ဏဘောလုံးကွင်း သတင်းစာ ရှင်းလင်းပွဲခန်းမ၌ ကျင်းပသည်။


ပွဲကြို သတင်းစာရှင်းလင်းပွဲ ကို နှစ်ဖက်အသင်းနည်းပြချုပ် များနှင့်  ကစားသမားများ   တက် ရောက်သည်။ ရှမ်းယူနိုက်တက် အသင်းနည်းပြချုပ်   ဦးဟန်ဝင်း အောင်က “အုပ်စုသုံးပွဲအပြီးမှာ သွင်းဂိုး မရသေးတာကို ပြင်ဆင် ထားပါတယ်။     ကျွန်တော်တို့ အသင်း ပြည်တွင်းပွဲတွေမှာ ရလဒ်ကောင်းပြီး AFC Cup မှာ ရလဒ်ဆိုးနေတဲ့ အကြောင်းရင်းက ပြိုင်ဘက်အသင်း ခြေစွမ်းကွာဟမှု ကြောင့် ဖြစ်ပါတယ်။ AFC Cup ပြိုင်ပွဲဝင်အသင်းတွေမှာ နိုင်ငံခြား သားကစားသမားများ  ပါဝင်ပြီး ခြေစွမ်းကလည်း တကယ်ကောင်း မွန်ပါတယ်။   နောက်တစ်ဆင့် တက်ဖို့ အခွင့်အရေးနည်းပေမယ့် နိုင်ငံအတွက်   ကလပ်အသင်း အတွက် အနိုင်ရဖို့ ကြိုးစားမှာပါ” ဟု   ပြောကြားခဲ့သည်။ ဆီဘူး အသင်း နည်းပြချုပ် ဂျိုရှုအာက    “ဖိလစ်ပိုင်မြေမှာ   ကစားခဲ့တဲ့ ပထမအကျော့လိုမျိုး အခုပွဲမှာ လည်းအကောင်းဆုံးရလဒ် ထွက် ပေါ်အောင်ကြိုးစားမှာပါ။ ရှမ်းယူ နိုက်တက်ကို ပထမအကျော့နိုင် ခဲ့တဲ့  နိုင်ပွဲက  အာရှအဆင့်မှာ ပထမဆုံးနိုင်ပွဲဖြစ်လို့ ကျေနပ်ပါ တယ်။ ဒါပေမယ့် ရှမ်းယူနိုက်တက် ကို  ခက်ခက်ခဲခဲ ကစားခဲ့ရတာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။ 


မြန်မာကလပ် ရှမ်းယူနိုက် တက်အသင်းသည်    ဖိလစ်ပိုင် ကလပ်  ဆီဘူးအသင်းနှင့် အိမ် ကွင်း ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ယနေ့ ညနေ ၆ နာရီခွဲတွင် ရန်ကုန် မြို့ရှိ   သုဝဏ္ဏကွင်း၌   ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။  AFC Cup ပြိုင်ပွဲ  အာဆီယံဇုန်တွင် အုပ်စု သုံးခုပါဝင်ပြီး     မြန်မာကလပ် ရှမ်းယူနိုက်တက်   အသင်းသည် အုပ်စု (F) တွင် ဖနွမ်းပင်ခရောင်း (ကမ္ဘောဒီးယား)၊   မက်ကာသာ (ဩစတြေးလျ)၊ ဆီဘူး (ဖိလစ်ပိုင်) တို့နှင့်  ကျရောက်နေသည်။ ပြိုင်ပွဲ ကျင်းပသည့်ပုံစံအရ အုပ်စုတစ်ခု စီမှ ထိပ်ဆုံးတစ်သင်းစီနှင့် ဒုတိယ နေရာရသုံးသင်းအနက် အကောင်း ဆုံးတစ်သင်းသာ ဇုန်ဆီမီးဖိုင်နယ် တက်ရောက်ခွင့်   ရမည်ဖြစ်ရာ ပထမအကျော့တွင် နိုင်ပွဲမရသေး သည့်   ရှမ်းယူနိုက်တက်အသင်း အနေဖြင့်   မဖြစ်မနေအနိုင်ရရန် လိုအပ်နေခြင်းဖြစ်သည်။  

ပထမ အကျော့အပြီးတွင်  အုပ်စု (F) ၌ ကမ္ဘောဒီးယားကလပ်  ဖနွမ်းပင် ခရောင်းအသင်းက      ကိုးမှတ်၊ ဩစတြေးလျကလပ် မက်ကာသာ အသင်းက ခြောက်မှတ်၊ ဖိလစ်ပိုင် ကလပ် ဆီဘူးအသင်းက သုံးမှတ် ရထားပြီး ရှမ်းယူနိုက်တက်အသင်း မှာမူ    သုံးပွဲစလုံးအရေးနိမ့်ကာ အမှတ်မရသေးပေ။ ရှမ်းယူနိုက် တက်အသင်းသည် ပထမအကျော့ အဝေးကွင်းပွဲတွင် ဆီဘူးအသင်း ကို တစ်ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ထား သည်။

ရဲရင့်လွင် ၊ ဓာတ်ပုံ-SUFC