ရှမ်းရွာသစ်မြို့ ကွီးလေးကျေးရွာအုပ်စုတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေးခြင်းလုပ်ငန်း ဆောင်ရွက်

 

ရှမ်းရွာသစ်  ဧပြီ   ၃


ကရင်ပြည်နယ်    ဘားအံခရိုင် ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ် နိုင်စေရန်နှင့်    ရောဂါကူးစက် ပြန့်ပွားမှုကို   လျော့နည်းစေရန် ရည်ရွယ်၍      အသက်(၁၈)နှစ် အထက်        ဒေသနေပြည်သူ များ၊ အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိ သည့် တစ်ကြိမ်တစ်ခါမျှ မထိုးရ သေးသည့် ပြည်သူများနှင့် ပထမ အကြိမ်ထိုးနှံ ပြီးစီးသည့် ဒေသနေ ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်း လုပ်ငန်းကို   ယနေ့  နံနက် ၉ နာရီ တွင် ကွီးလေးကျေးရွာ၌ တာဝန် ရှိသူတို့က ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြောင်း  သိရသည်။

 


ထိုသို့        ဆောင်ရွက်ရာ  တွင် မြို့အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ   ဦးနိုင်ဝင်းအောင်က ကြီးကြပ် ဆောင်ရွက်လျက်ရှိရာ စေတနာ့ဝန်ထမ်းများ၊   ကျေးရွာ အုပ်စု        တာဝန်ရှိသူများက ကာကွယ်ဆေးထိုးရန် လာရောက် သည့်   ပြည်သူများအား  စာရင်း ရေးသွင်းပေးခြင်းနှင့် မှတ်တမ်း ကောက်ယူခြင်းတို့ကို   ပူးပေါင်း ဆောင်ရွက်ပေးခဲ့သည်။

 


ထို့နောက် အသက်(၁၈)နှစ် အထက်   ပထမအကြိမ်  ကာကွယ် ဆေး ထိုးနှံပြီးသူများအား ဒုတိယ အကြိမ်      ကိုဗစ်-၁၉  ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် တစ်ကြိမ်တစ်ခါမျှ    ကိုဗစ်-၁၉ ရောဂါ    ကာကွယ်ဆေး  ထိုးနှံ ဆောင်ရွက်ခြင်း  မရှိသူများအား ကျန်းမာရေး    ဝန်ထမ်းများက ကိုဗစ်-၁၉   ရောဂါ  ကာကွယ် ဆေးထိုးနှံပေးခြင်း    လုပ်ငန်းကို ဆောင်ရွက်ပေးပြီး    ကာကွယ် ဆေး     ထိုးနှံရန်    ကျန်ရှိသည့် ကျေးရွာအုပ်စုများသို့ ကွင်းဆင်း၍ ဆက်လက်     ထိုးနှံပေးသွားမည် ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦး ထံမှ သိရသည်။


ဇင်လေး(ပြန်/ဆက်)