
တောင်ကြီး မေ ၁၇
၂၀၂၂ ခုနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသ အမျိုးသားအမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို မေ ၁၆ ရက် ညနေ ၃ နာရီက တောင်ကြီးမြို့ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပသည်။
ပြိုင်ပွဲတွင် နောက်ဆုံး ဗိုလ်လုပွဲအဖြစ် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ အသင်းနှင့် တောင်ကြီးခရိုင် အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကို ရှမ်းပြည် နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများ၊ အားကစား ဝါသနာရှင်များက ကြည့်ရှု အားပေးကြပြီး တောင်ကြီးခရိုင် အသင်းက သုံးပွဲပြတ် အနိုင်ရ ဗိုလ်စွဲသွားသည်။
ဆက်လက်၍ ဆုချီးမြှင့်ပွဲ ကျင်းပရာ အမျိုးသမီးပူးတွဲ တတိယဆုရရှိသော လားရှိုးခရိုင် အသင်းနှင့် မိုးမိတ်ခရိုင်အသင်း တို့အား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေကျပ် သုံးသိန်းစီကို ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုင်းသော်ဝင်းနှင့် ပြည်နယ် ဥပဒေချုပ် ဦးစိုင်းကျော်ဇံ တို့က လည်းကောင်း၊ ဒုတိယဆုရရှိ သော ကျောက်မဲခရိုင် အသင်း အား တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေကျပ် ငါးသိန်းကို ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးအောင်ကြည်ဝင်း က လည်း ကောင်း၊ နေရာအလိုက်အကောင်း ဆုံး အားကစားသမားဆု ရရှိသူ များကို ဆုတံဆိပ်နှင့် ငွေကျပ် ငါးသောင်းစီကို ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌ ဦးခွန်ရဲထွေးက လည်းကောင်း၊ အမျိုးသမီး ပထမဆု ရရှိသော တောင်ကြီးခရိုင် အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေကျပ် ရှစ်သိန်း၊ ပထမဆု ဖလားတို့ကို ပြည်နယ် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ရဲမှူးချုပ် တင်ကိုကို က လည်းကောင်း၊ အမျိုးသားပူးတွဲ တတိယဆုရရှိသော ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ အသင်းနှင့် လင်းခေး ခရိုင်အသင်းအား တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေကျပ် သုံးသိန်းစီကို ပြည်နယ်သယံ ဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ် နှင့် ပြည်နယ် စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင် တို့က လည်း ကောင်း၊ ဒုတိယဆု ရရှိသော ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအသင်းအား တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေကျပ် ငါးသိန်း တို့ကို ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူး ကြီး လှဦးက လည်းကောင်း၊ နေရာအလိုက် အကောင်းဆုံး အားစားသမားဆု ရရှိသူများအား ပြည်နယ်တရားလွှတ်တော် တရား သူကြီးချုပ်က လည်းကောင်း၊ ပထမဆုရရှိသော တောင်ကြီးခရိုင် အသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ ငွေကျပ် ရှစ်သိန်းနှင့် ပထမဆု ဖလား တို့ကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်းက လည်း ကောင်း ချီးမြှင့်ပေးအပ်ကြ ကြောင်း သိရသည်။
မောင်မောင်သန်း (တောင်ကြီး)