
တောင်ကြီး ဇွန် ၂၆
ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရန်၊ ဇီဝဂေဟစနစ် ထိန်းသိမ်းနိုင် ရန်၊ ကျောင်းသား ကျောင်းသူ၊ ဆရာ ဆရာမများ တက်ကြွစွာ ပူးပေါင်းပါဝင်လာစေရန် ရည်ရွယ် ပြီး တောင်ကြီးတက္ကသိုလ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ဇွန် ၂၅ ရက် က တောင်ကြီးမြို့ တောင်ကြီး တက္ကသိုလ်ဝင်း အတွင်းရှိ မောဧကရီအဆောင်ရှေ့၌ ကျင်းပ သည်။
သစ်ပင်စိုက်ပျိုးပွဲတော်တွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်းက တောင်ကြီး တက္ကသိုလ် ရုက္ခဗေဒဌာနမှ ချယ်ရီ ပျိုးပင်ပေါင်း ၂၀၀ နှင့် စိန်ပန်းပြာ ၁၀၀ တို့ကို စိုက်ပျိုးမည်ဖြစ် ကြောင်း၊ သစ်ပင်များကို တောင်ကြီးတက္ကသိုလ် သံလွင်ဦး ကျောင်းသားဆောင်၊ နန်းဝတီနှင့် မောဧကရီ ကျောင်းသူဆောင် များမှ ကျောင်းသား ကျောင်းသူ ၄၀၀ နှင့် ဆရာ ဆရာမ ၁၀၀ စုစုပေါင်း ၅၀၀ ခန့် စုပေါင်း စိုက်ပျိုးကြပြီး သစ်တောသစ်ပင် များ စိုက်ပျိုးထိန်းသိမ်းခြင်းဖြင့် သဘာဝပတ်ဝန်းကျင် စိမ်းစို သာယာလှပစေခြင်း၊ ရာသီဥတု မျှတစေခြင်း၊ သဘာဝဘေး အန္တရာယ်များမှ ကာကွယ်ပေး ခြင်း၊ လေထုအတွင်းမှ ကာဗွန် စုပ်ယူ သိုလှောင်ဖယ်ရှားပေး ခြင်း၊ ရေနှင့် မြေဆီလွှာကို ထိန်းသိမ်းခြင်းစသည့် ပတ်ဝန်း ကျင်ဆိုင်ရာ ဝန်ဆောင်မှုများ၊ အကျိုးကျေးဇူးများစွာကို ပံ့ပိုးပေး လျက်ရှိကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်တရား လွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ ပါမောက္ခချုပ်နှင့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူတို့က သစ်ပင်များ စိုက်ပျိုးပေးကြပြီး ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ က သစ်ပင်စိုက်ပျိုးပေးနေမှုအား လှည့်လည်ကြည့်ရှု အားပေး ခဲ့ကြောင်း သိရသည်။
အဆိုပါ တောင်ကြီးတက္ကသိုလ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတွင် တောင်ကြီးတက္ကသိုလ် မောဧကရီ ကျောင်းသူဆောင် ရှေ့ဝင်လမ်းနှင့် အားကစားရုံသွားရာ လမ်းဘေး ဝဲယာတစ်လျှောက်တွင် စိုက်ပျိုး ပေးကြောင်း သိရသည်။
မောင်မောင်သန်း
(တောင်ကြီး)