ရှမ်းပြည်နယ်ဝန်ကြီးချုပ် မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး စံပြကွက် မြေဩဇာကြဲပက်ပွဲကြည့်ရှုအားပေး

 

တာချီလိတ် ဩဂုတ် ၂၅


ရှမ်းပြည်နယ် (အရှေ့ပိုင်း)တာချီ လိတ်မြို့နယ်    စိုက်ပျိုးရေးဦးစီး ဌာန၏ မိုးစပါးပန်းတိုင် အထွက် နှုန်းရရှိရေးစံပြကွက်    မြေဩဇာ ကြဲပက်ပွဲ အခမ်းအနားကို  ယနေ့ နံနက်ပိုင်းက  မိုင်းကိုးကျေးရွာအုပ်စုရှိ တောင်သူ ဦးဝင်းလွင်ဦး၏ မနော သုခမိုးစပါး စံပြကွက်ငါးဧကတွင် ပြုလုပ်ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးနှင့်   တာဝန်ရှိ သူများ     တက်ရောက်ကြည့်ရှု အားပေးသည်။


အခမ်းအနားတွင် စိုက်ပျိုးရေးဦးစီးဌာန(ကျိုင်းတုံ)မှ    ဒုတိယ ပြည်နယ်ဦးစီးမှူး    ဦးလှဝင်းက ပန်းတိုင်အထွက်နှုန်း    ရရှိရေး စံပြကွက်      ဆောင်ရွက်နေမှုနှင့် သွင်းအားစုမြေဩဇာများ    ထည့် သွင်းမှုအခြေအနေတို့ကို ရှင်းလင်း တင်ပြပြီး  ရှမ်းပြည်နယ်ဝန်ကြီး ချုပ် (ဝဲပုံ)နှင့်  တာဝန်ရှိသူတို့က အခမ်းအနား    တက်ရောက်လာ ကြသည့်     တောင်သူများအား    ရွက်ဖြန်းအားဆေးနှင့်     ပိုးသတ် ဆေးများ ထောက်ပံ့ပေးအပ်သည်။


ထို့နောက်  ပြည်နယ်ဝန်ကြီး ချုပ်က အခမ်းအနားတက်ရောက် လာကြသည့်  ဒေသခံပြည်သူများ အား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက် ပြီး ဒေသခံပြည်သူများ၏  ဒေသ ဖွံ့ဖြိုးရေးအတွက်  လမ်း၊ တံတား လိုအပ်ချက်အပေါ်    သက်ဆိုင်ရာ ဌာနများနှင့်    ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။


အဆိုပါ မိုးစပါးစံပြကွက်သည်  ယခုနှစ်    ဇွန်လ ၁၉ ရက်က ပျိုးထောင်ကာ ဇူလိုင်လ ၁၈ ရက် တွင်     စိုက်ပျိုးကြောင်း၊ တစ်ဧက ကောက်ကွက်   ၁၃၀၀၀၀   ရှိပြီး ပင်ပွားနှုန်း ၁၁ ပင်   ရှိကြောင်း မြို့နယ်   စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။  

သန်းဇော်(ပြန်/ဆက်)