ရှမ်းပြည်နယ်ဝန်ကြီးချုပ် လားရှိုးအစိုးရနည်းပညာတက္ကသိုလ်၌ တည်ဆောက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

 

လားရှိုး   ဧပြီ    ၃


ရှမ်းပြည်နယ်ဝန်ကြီးချုပ်     ဒေါက်တာကျော်ထွန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည်  ဧပြီ ၂ ရက် မွန်းလွဲ ၃ နာရီက လားရှိုးအစိုးရနည်းပညာတက္ကသိုလ်ကျောင်းသို့   သွားရောက်ကာ    အုတ် ခြံစည်းရိုးကာရံခြင်းလုပ်ငန်း၊   RC သုံးထပ် စာသင် ဆောင်တစ်လုံး တည်ဆောက်ခြင်းလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးပြီး ဆရာ  ဆရာမများနှင့် တာဝန်ကျ ဝန်ထမ်းများအား တွေ့ဆုံသည်။  

 


အခမ်းအနားတွင်        နည်းပညာတက္ကသိုလ် (လားရှိုး)ဒုတိယပါမောက္ခချုပ် ဒေါက်တာမျိုးဇော် မင်းက ကျောင်းနှင့် ပတ်သက်သည်များကို ရှင်းလင်း တင်ပြပြီး  ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်ပြောကြားသည်။

 


  ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့က နည်း ပညာတက္ကသိုလ်(လားရှိုး)နှင့် ကွန်ပျူတာတက္ကသိုလ် (လားရှိုး) တို့အတွက်    ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အတွက်အသုံးပြုနိုင်ရန် ထောက်ပံ့ငွေကျပ် ၁၀ သိန်း စီနှင့် ငွေကျပ်သိန်း ၁၂၀  တန်ဖိုးရှိ အားကစားပစ္စည်း နှင့် ဆက်စပ်ပစ္စည်းများကို ပြည်နယ်ဝန်ကြီးချုပ်က  ပေးအပ်ရာ နည်းပညာတက္ကသိုလ်(လားရှိုး)   ဒုတိယ ပါမောက္ခချုပ်နှင့် ကွန်ပျူတာတက္ကသိုလ် (လားရှိုး)ဒုတိယပါမောက္ခချုပ်တို့က   လက်ခံရယူကြသည်။

 


ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊    ပြည်နယ် ဝန်ကြီးများနှင့် တာဝန်ရှိသူများက အစိုးရနည်းပညာ တက္ကသိုလ်တွင် ဆောင်ရွက်လျက်ရှိသော   တည် ဆောက် ရေးလုပ်ငန်းများအား   လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များ မှာကြားခဲ့ပြီး   အေတီတပ်ဦးကျောင်း ဆရာတော်အား ဖူးမြော်ကာ  လှူဖွယ်ပစ္စည်းနှင့်   နဝကမ္မအလှူငွေများ     ဆက်ကပ်လှူဒါန်းပေးကြ ကြောင်း   သိရသည်။


မောင်မောင်သန်း(တောင်ကြီး)