ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ချင်းပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် စွမ်းစွမ်းတမံကူညီဆောင်ရွက်ပေးကြသူများအား ဂုဏ်ပြု

 

 

နေပြည်တော်  နိုဝင်ဘာ   ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ချင်းပြည်နယ်အတွင်း ကိုဗစ်-၁၉  ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် စွမ်းစွမ်းတမံ ကူညီဆောင်ရွက်ပေး ခဲ့ကြသည့် ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်း အဖွဲ့များ၊ ဌာနဆိုင်ရာဝန် ထမ်းများနှင့် အလှူရှင်များ အား ဂုဏ်ပြုချီးမြှင့်ခြင်းကို ယနေ့တွင် တောင်ကြီးမြို့ ရှိ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမနှင့် ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး ခန်းမတို့၌ ပြုလုပ်ရာ ပြည်နယ်အသီးသီးမှ ဝန်ကြီးချုပ်များ၊ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့် တာဝန် ရှိသူများ၊ ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ အလှူရှင်များ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်များက ဂုဏ်ပြုအမှာ စကားများ အသီးသီးပြောကြားကြသည်။ ထို့နောက် ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ချင်းပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် စွမ်းစွမ်းတမံ ကူညီဆောင်ရွက် ပေးခဲ့ကြသည့်   ကျန်းမာရေးဝန်ထမ်းများ၊  လူမှုရေး အသင်းအဖွဲ့များ၊    ဌာနဆိုင်ရာဝန်ထမ်းများနှင့် အလှူရှင်များအား ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူတို့က   ဂုဏ်ပြုဆုငွေများနှင့်  ဂုဏ်ပြု မှတ်တမ်းလွှာများ  ပေးအပ်ချီးမြှင့်ကြောင်း သတင်း ရရှိသည်။(ယာပုံ)                              သတင်းစဉ်