ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်လောင်းမြို့နယ်၌ ငွေကျပ်သိန်း ၆၁၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံး ၁၁၇ တုံး၊ အလေးချိန် ၄၀ ဒသမ ၉၅ ကီလို ဖမ်းဆီးရမိ

 

နေပြည်တော်   စက်တင်ဘာ ၂၃


ရှမ်းပြည်နယ်           (တောင်ပိုင်း) ပင်လောင်းမြို့နယ်၌     ငွေကျပ် သိန်း   ၆၁၀၀  ကျော်   တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံး ၁၁၇ တုံး၊ အလေးချိန် ၄၀ ဒသမ ၉၅ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။


မူးယစ်ဆေးဝါး     တားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ  ပါဝင် သော ပူးပေါင်းအဖွဲ့သည် စက်တင် ဘာ  ၁၆ ရက်   နံနက်  ၁၀ နာရီ တွင်   ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်လောင်းမြို့နယ်      လိန်းလီ ကျေးရွာအနီး၌   ပင်လောင်းဘက် မှ   တပ်ကုန်းဘက်သို့    ခွန်တင် ထွန်း(ခ)ခွန်ဧပရယ် မောင်းနှင်ပြီး  ခွန်စိုးထိုက်     လိုက်ပါလာသည့် HIACE မော်တော်ယာဉ်ကို သတင်း  အရရှာဖွေရာ ယာဉ်ပေါ်မှ ဒေသ ကာလတန်ဖိုးငွေကျပ်သိန်း ၆၁၀၀   ကျော်တန်ဖိုးရှိ ဘိန်းဖြူဘလောက်  တုံး   ၁၁၇ တုံး၊   အလေးချိန်     ၄၀ ဒသမ ၉၅ ကီလို  သိမ်းဆည်းရမိ ခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ ဘိန်းဖြူဘလောက် တုံးများကို ရှမ်းပြည်နယ်မှ ကရင် ပြည်နယ်သို့     သယ်ဆောင်ခြင်း ဖြစ်ကြောင်း  သိရသဖြင့်   ၎င်းတို့ အား ဥပဒေအရအရေးယူထားရှိ ပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို   ဆက်လက်စစ်ဆေးဖော် ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။


သတင်းစဉ်