ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ် ဆောင်နန်းခဲကျေးရွာရှိ အပြစ်မဲ့ပြည်သူများ၏  နေအိမ်များအား PDF အမည်ခံ အကြမ်းဖက်သမားများက ဝင်ရောက်မီးရှို့ဖျက်ဆီး

 

 

နေပြည်တော်   မေ   ၁၆
အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည့် CRPH၊ NUG၊ PDF အမည်ခံ အကြမ်းဖက်သမားများသည် တိုင်းပြည်တည်ငြိမ်အေးချမ်း မှုနှင့် တရားဥပဒေစိုးမိုးမှုကို  ပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် အချို့ဒေသများတွင်  လက်နက်ကိုင် အကြမ်းဖက်မှုများ၊ လမ်း၊ တံတားဖောက်ခွဲ  ဖျက်ဆီးမှုများအပြင် အများပြည်သူ နေထိုင်လျက်ရှိသည့် နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးခြင်းများ     လုပ်ဆောင်လျက်ရှိသည်။ 
ထိုသို့လုပ်ဆောင်လျက်ရှိရာ   ရှမ်းပြည်နယ်တောင်ပိုင်း  ဖယ်ခုံမြို့နယ်   ဆောင်နန်းခဲကျေးရွာရှိ အပြစ်မဲ့ပြည်သူများ၏  နေအိမ်များအား   ယနေ့ညနေပိုင်းတွင်     PDF    အမည်ခံ  အကြမ်းဖက်သမားများက      အနောက်ဘက်အင်းဘက်ရှိ ဟိုတိန်း တောင်ကျေးရွာဘက်မှ   လှေများဖြင့်   ရောက်ရှိလာခဲ့ပြီး     ဝင်ရောက်မီးရှို့ ဖျက်ဆီးခဲ့ကြောင်း၊ ထိုသို့  မီးရှို့ဖျက်ဆီးလျက်ရှိ သည်ကို     တည်ငြိမ်အေးချမ်းမှုကို  လိုလားသည့်   ဒေသခံပြည်သူ တစ်ဦးက     သတင်းပေးပို့လာခဲ့သဖြင့်    ဖယ်ခုံမြို့နယ်အတွင်း  လုံခြုံရေးဆောင်ရွက်လျက်ရှိသည့်        လုံခြုံရေးတပ်ဖွဲ့ဝင်များက  သွားရောက် စုံစမ်းစစ်ဆေးခဲ့ရာ PDF အမည်ခံ   အကြမ်းဖက် သမားများသည်  ကျေးရွာအတွင်း   အပြစ်မဲ့ပြည်သူများ၏   နေအိမ်များအား     လိုက်လံမီးရှို့ဖျက်ဆီးလျက်ရှိသည်ကို        တွေ့ရှိခဲ့ရကြောင်း၊   ထို့ကြောင့်  လုံခြုံရေးတပ်ဖွဲ့ဝင်များက    အကြမ်းဖက်သမားများအား  ဖမ်းဆီးရမိနိုင်ရေးဆောင်ရွက်ခဲ့ရာ    အကြမ်းဖက်သမားများသည်  တောင်ဘက်သို့  ဆုတ်ခွာ ထွက်ပြေးသွားခဲ့သဖြင့်   ၎င်းတို့     ဆုတ်ခွာရာနောက်သို့   ထက်ကြပ်လိုက်၍  လိုအပ်သည့် တရားဥပဒေစိုးမိုးရေးလုပ်ငန်း များ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အထက်ပါ   ဖြစ်စဉ်မှ  ကျေးရွာနေ အပြစ်မဲ့ပြည်သူများ၏  နေအိမ်များအား မီးရှို့ဖျက်ဆီးမှု  ကျူးလွန်ခဲ့သည့်  အကြမ်းဖက် သမားများအား  ဖော်ထုတ်ဖမ်းဆီးရမိရေး  နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များက    လိုအပ်သည့်       လုံခြုံရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း   သတင်းရရှိသည်။                    
သတင်းစဉ်