ရှမ်းပြည်နယ်(တောင်ပိုင်း) မြို့နယ်အသီးသီးရှိ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များအား တွေ့ဆုံ၊ စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများပေးအပ်

 

နေပြည်တော် မတ်  ၉


ရှမ်းပြည်နယ်(တောင်ပိုင်း)         မြို့နယ်အသီးသီးရှိ ပြည်သူ့စစ်(ဌာနေ)  တပ်ဖွဲ့ဝင်များကို    ယနေ့ မွန်းလွဲပိုင်းတွင်  အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး   ဗိုလ်ချုပ်   မျိုးမင်းထွန်းနှင့်  တာဝန်ရှိသူ များက ခရေရိပ်သာ၌ တွေ့ဆုံသည်။


ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက်   ပြည်သူ့စစ်(ဌာနေ)  တပ်ဖွဲ့ဝင်များ၏ တင်ပြချက်များကို လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ အတွက်    အာဟာရဖြည့်စားသောက်ဖွယ်ရာများ နှင့် ထောက်ပံ့ငွေများကို   ချီးမြှင့်ထောက်ပံ့ပေးအပ် ရာ  ပြည်သူ့စစ် (ဌာနေ)တပ်ဖွဲ့ဝင်အသီးသီးမှ တာဝန် ရှိသူများက   လက်ခံရယူခဲ့ကြကြောင်း  သတင်းရရှိ သည်။


သတင်းစဉ်