ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ပြည်သူများအတွက် တရုတ်နိုင်ငံမှ လှူဒါန်းသည့် ကိုဗစ်-၁၉ ကာကွယ်ဆေးအလုံးရေ ၅၀၀၀၀ လက်ခံရှိ

 

မူဆယ်   ဇန်နဝါရီ   ၁၃    


ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ   ဒေသခံပြည်သူများ   ကိုဗစ်-၁၉   ရောဂါကူးစက်မှုမှ ကာကွယ်နိုင်ရေး Sinovac ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအလုံးရေ ၅၀၀၀၀ ကို ယမန်နေ့ နံနက်ပိုင်းက   မြန်မာ- တရုတ်  နယ်စပ်နန်းတော်ဂိတ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တာဝန်ရှိသူများက ပေးအပ်လှူဒါန်းရာ မူဆယ်ခရိုင်မှ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင် မောင်၊ ဆေးရုံအုပ်ကြီး ဒေါက်တာဟန်နိုင်စိုးတို့က လက်ခံရယူသည်။

 


အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေး ၅၀၀၀၀ အနက်မှ မူဆယ်နှင့် နမ့်ခမ်းဒေသရှိ ဒေသခံ ပြည်သူဦးရေ   ၁၅၀၀၀  အတွက်   ဆေးလုံးရေ  ၇၅၀၀  ကို   မူဆယ်မြို့  ပြည်သူ့ဆေးရုံ၏ အအေးခန်းအတွင်း၌    စနစ်တကျ   သိုလှောင်ထားရှိကာ  ကျန်ရှိဆေးလုံးရေ  ၄၂၅၀၀ နှင့် ဆေးထိုးအပ် ၁၈၅၀၀၀ ချောင်းကို အအေးခန်းကားဖြင့်    စနစ်တကျထုပ်ပိုးကာ လားရှိုးမြို့ ပြည်သူ့ဆေးရုံသို့ နေ့ချင်းဆက်လက်ပေးပို့ခဲ့ကြောင်း သိရသည်။  


အယ်လ်စိုး(မူဆယ်)