ရှမ်းပြည်နယ်(မြောက်ပိုင်း)၌ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု စတင်အသက်ဝင်သည့်နေ့တွင် တပ်မတော်က လက်နက်ကြီး၊ တိုက်လေယာဉ် များဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်း ညီနောင် ၃ ဖွဲ့က တရားဝင်ကြေညာသည်ဟု ကောလာဟလသတင်းများကို ရေးသားဖြန့်ဝေလျက်ရှိ

 

နေပြည်တော် ဇန်နဝါရီ ၁၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၌ အပစ် အခတ်ရပ်စဲရေး   သဘောတူညီမှု စတင်အသက်ဝင်သည့်  နေ့တွင် တပ်မတော်က လက်နက်ကြီးများ၊ တိုက်လေယာဉ်များဖြင့်  ပစ်ခတ် တိုက်ခိုက်မှုများ   လုပ်ဆောင်နေ ကြောင်း မြောက်ပိုင်းမဟာမိတ် ညီနောင် ၃ ဖွဲ့က ထုတ်ပြန်ကြေညာ သည်ဟု    သတင်းအမှားများကို အကြမ်းဖက်အားပေး ပြည်ဖျက် မီဒီယာများဖြစ်သည့် Khit Thit Media နှင့် DVB TV News တို့က လူမှုကွန်ရက်   စာမျက်နှာတွင် ရေးသားဖြန့်ဝေလျက် ရှိကြောင်း တွေ့ရှိရသည်။
တပ်မတော်သည် ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူညီမှုရရှိပြီးချိန်မှစ၍  သဘော တူညီချက်များအတိုင်း   ဆောင် ရွက်လျက်ရှိပြီး    အကြမ်းဖက် အားပေး  ပြည်ဖျက်မီဒီယာများ သည် တပ်မတော်နှင့် မြောက်ပိုင်း မဟာမိတ် (၃) ဖွဲ့   ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမှုမှ ရလဒ်ကောင်း များ     ထွက်ပေါ်လာမှုအပေါ် မနာလိုမရှုဆိတ်ဖြင့်  မဟုတ်မမှန် ကောလာဟလသတင်းများ  ထုတ် လွှင့်ကာ တပ်မတော် ဂုဏ်သိက္ခာ ကျဆင်းစေရန်နှင့်    ပြည်သူများ အထင်အမြင်လွဲမှားစေရန်အတွက် ဝါဒဖြန့်ချိနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။      
 သတင်းစဉ်