ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့၌ ငွေကျပ်သိန်း ၂၁၀၀ တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံး ၆၀ (အလေးချိန် ၂၁ ကီလို) ဖမ်းဆီးရမိ

 

နေပြည်တော်   ဇူလိုင်   ၁၃


ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ် မြို့တွင်   ငွေကျပ်သိန်း    ၂၁၀၀ တန်ဖိုးရှိ ဘိန်းဖြူ ဘလောက်တုံး ၆၀  (အလေးချိန်  ၂၁  ကီလို) ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။   

 


ဖြစ်စဉ်မှာ   မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး   ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည်  ဇူလိုင်   ၁၀  ရက် မွန်းတည့်   ၁၂  နာရီတွင်   ရှမ်း ပြည်နယ်မြောက်ပိုင်း   မူဆယ်မြို့ မူဆယ် - နမ့်ခမ်းသွားကားလမ်း အမှတ်(၂)မြေနီကားကွင်းရှေ့တွင် ပန်ခမ်းရွာမှ မူဆယ်မြို့သို့ မရန် ပိန်းကျောင်း (ခ)  အားကျောင်း မောင်းနှင်လာသည့်   ဆိုင်ကယ်ကို သတင်းအရရှာဖွေရာ ဆိုင်ကယ် ရှေ့ခွကြားရှိ   စက္ကူပုံးအတွင်းမှ ဒေသကာလတန်ဖိုး ငွေကျပ်သိန်း ၂၁၀၀    တန်ဖိုးရှိ     ဘိန်းဖြူ ဘလောက်တုံး ၆၀ (အလေးချိန် ၂၁     ကီလို)     သိမ်းဆည်းရမိခဲ့ ပြီး  စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ  ဘိန်းဖြူများအား မူဆယ်မြို့နယ် ပန်ခမ်းကျေးရွာမှ စွမ်စော်ရပ်ကွက်သို့ သယ်ဆောင် ခြင်းဖြစ်ကြောင်း     သိရှိရသဖြင့် ၎င်းအား ဥပဒေအရအရေးယူထား ရှိပြီး  ကွင်းဆက်ပြစ်မှုကျူးလွန် သူများကို   ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရ သည်။

                   

သတင်းစဉ်