ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ ဂေါပကအဖွဲ့ဝင်များ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို

 

နေပြည်တော်  မတ်   ၁၆


ရှမ်းပြည်နယ်မှ    (အရှေ့ပိုင်း)  မှ ဂေါပကအဖွဲ့အုပ်ချုပ်သူ   နှစ်ဦး၊ အဖွဲ့ဝင် ၂၆ ဦး စုစုပေါင်း ၂၈ဦးတို့ သည်    ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေနေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ    ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော်တွင် တည်ထားပူဇော် သည့်   ကမ္ဘာပေါ်ရှိ  ထိုင်တော်မူ ကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်များ အနက်  ဉာဏ်တော်အမြင့်ဆုံးဖြစ် သည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးအား   လာရောက်ဖူးမြော် ကြည်ညိုကြသည်။
ဦးစွာ     ရှင်းလင်းဆောင်၌ မာရဝိဇယ  ဗုဒ္ဓရုပ်ပွားတော်မြတ် ကြီး ဂေါပကအဖွဲ့နှင့် ဗုဒ္ဓရုပ်ပွား တော်မြတ်ကြီး         တည်ထား ပူဇော်ခြင်းနှင့်   ထိန်းသိမ်းခြင်း လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက် ခဲ့ကြသည့်  ကျွမ်းကျင်ပညာရှင် များက         မာရဝိဇယဘုရားကြီး တည်ထား ကိုးကွယ်ပူဇော်ရခြင်း ရည်ရွယ်ချက်၊ ရုပ်ပွားတော်မြတ် ကြီးအား  လုပ်ငန်းစဉ်အဆင့်ဆင့် ဖြင့်   အောင်မြင်စွာ   တည်ထား ပူဇော်နိုင်ခဲ့မှု၊  လက်ရှိထိန်းသိမ်း ဆောင်ရွက်နေမှု၊ ခေတ်မီစက်ကိရိ ယာများအသုံးပြု၍  ကျောက်စာရုံ စေတီတော်များ   တည်ထားဆောင် ရွက်ခဲ့မှုနှင့်  သာသနာရေးဆိုင်ရာ အခမ်းအနားကြီးများ   စည်ကား သိုက်မြိုက်စွာ    ကျင်းပနိုင်ခဲ့မှု အခြေအနေတို့ကို           ရှင်းလင်း ပြောကြားကြပြီး  မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး အောင်မြင် စွာတည်ထား        ပူဇော်နိုင်ရန် အဆင့်ဆင့်ဆောင်ရွက်ခဲ့မှု ဗီဒီယို မှတ်တမ်းကို ပြသသည်။
ရှင်းလင်းဖြေကြား 
ထို့နောက်       ဘုရားဖူးလာ ဂေါပကအဖွဲ့ဝင်များက  ယခုကဲ့သို့ ရုပ်ပွားတော်မြတ်ကြီးအား အဆင် ပြေချောမွေ့စွာ လာရောက်ဖူးမြော် နိုင်ရေးအတွက်  စီစဉ်ဆောင်ရွက် ပေးမှုများနှင့်     ရုပ်ပွားတော်မြတ် ကြီး         တည်ထားပူဇော်ခဲ့မှု လုပ်ငန်းစဉ်အဆင့်ဆင့်ကို အသေး စိတ် ရှင်းလင်းပြောကြားပေးမှုများ အပေါ်      ကျေးဇူးတင်စကားများ ပြောကြားကြသည်။ ယင်းနောက် ဘုရားဖူးလာ        ဂေါပကအဖွဲ့ဝင် များက       ရုပ်ပွားတော်မြတ်ကြီး အောင်မြင်စွာ တည်ထားပူဇော်နိုင် ခဲ့မှု  အခြေအနေနှင့်  စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းကြ ရာတာဝန်ရှိသူများက အသေးစိတ် ပြန်လည်ရှင်းလင်း ဖြေကြားသည်။
လေ့လာကြည့်ရှု
ယင်းနောက်   ဘုရားဖူးလာ ဂေါပကအဖွဲဝင်များသည်   မာရ ဝိဇယ   ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဘက်စုံပြုပြင်   မွမ်းမံရန်အတွက် အလှူငွေများ ပေးအပ်လှူဒါန်းကြ သည်။  ဆက်လက်၍ ဘုရားဖူးလာ ဂေါပကအဖွဲ့သည် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးအား   သွား ရောက်ဖူးမြော်  ကြည်ညိုကြပြီး ဘုရားရင်ပြင်တော်  ပတ်လည်၌ စကျင်ကျောက်များ    အသုံးပြု၍ တည်ဆောက်ထားသည့် ဂန္ဓကုဋိ တိုက်များအတွင်း၌        လေ့လာ ကြည့်ရှုကြသည်။
ထို့နောက်      ဘုရားဖူးလာ ဂေါပကအဖွဲ့ဝင်များသည်   ဗုဒ္ဓ ဥယျာဉ်တော်အတွင်း       တည် ဆောက်ထားရှိသည့်   မော်ကွန်း တိုက်၌        မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးနှင့်   ဗုဒ္ဓဥယျာဉ်တော်ပုံစံငယ်ပြသထားမှု၊    ဗုဒ္ဓ ဥယျာဉ်တော်အတွင်း        ကျင်းပခဲ့ သည့် မဟာမင်္ဂလာ  အခမ်းအနား များတွင်  အသုံးပြုခဲ့သည့်ပစ္စည်း များ၊      ဘုရားရှင်ဓာတ်တော်၊ ရဟန္တာဓာတ်တော်များ ထည့်သွင်း ပူဇော်ခဲ့သည့်       ရွှေဖလားများ၊ မာရဝိဇယ  ဆင်းတုတော်ကြီးအား အစိတ်အပိုင်းလေးပိုင်းခွဲ၍ တည် ဆောက်ထားသော  ဆင်းတုတော် ကြီးပုံစံငယ်များ၊      မြန်မာ့ရိုးရာ ပန်းဆယ်မျိုးလက်ရာပုံစံငယ်များ၊ ရုပ်ပွားတော်မြတ်ကြီး တည်ထား ပူဇော်မှု    မှတ်တမ်းဓာတ်ပုံများ၊ ဗိသုကာလက်ရာများဖြင့် ခမ်းနား ထည်ဝါစွာ  တည်ထားပူဇော်ထား သည့်   အဂ္ဂါဓိပတိသာသနာ့ဗိမာန် တော်ကြီး၊   ကျောက်စာရုံစေတီ တော်များနှင့်   အခြားသာသနိက အဆောက်အအုံများကို ဆက်လက် ဖူးမြော်    လေ့လာကြည်ညိုခဲ့ကြ သည်။
ထို့အတူ မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးအား   အနယ်နယ် အရပ်ရပ်မှ ရဟန်းရှင်လူ ဘုရားဖူး ပြည်သူများ   လာရောက်ဖူးမြော် ကြည်ညိုလျက်ရှိကြောင်း သတင်း ရရှိသည်။                    

သတင်းစဉ်