
နေပြည်တော် မေ ၁၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ မြို့ ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော်အတွင်း တည်ထားကိုးကွယ်သည့် သတ္တသတ္တာဟ မဟာဗောဓိစေတီတော်မြတ်ကြီး အထက် ဌာပနာတော်သွင်းလှူပူဇော်ခြင်း၊ ရွှေထီး တော်အထွတ်တင်အောင်ပွဲနှင့် ဗုဒ္ဓါ ဘိသေက အနေကဇာတင် မဟာမင်္ဂလာ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ နိုင်ငံတော်ဩဝါဒါ စရိယ သောဠသမရွှေကျင်သာသနာပိုင် ဆရာတော်၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် များ၏အဓိပတိ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရနှင့် ကျိုင်းတုံ မြို့ သီလဓမ္မကုန်းသာတောရ ပဓာန နာယက အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တကောဝိဒ ဝစီပိတ်ဆရာတော်တို့ အမှူးပြုသည့် ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များ ကြွရောက်ချီးမြှင့်တော် မူကြသည်။
အဆိုပါ အခမ်းအနားသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဇနီး ဒေါ်ကြူ ကြူလှ၊ ကောင်စီတွဲဖက် အတွင်း ရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ဇနီး၊ ကောင်စီဝင်များ နှင့် ဇနီးများ၊ ပြည်ထောင်စုဝန်ကြီး များ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများနှင့် ဇနီးများ၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဝတ် အသင်းအဖွဲ့များနှင့် ဒေသခံ တိုင်းရင်းသားပြည်သူများ တက် ရောက်ကြသည်။
ပရိတ်တရားတော်များ နာယူကြည်ညို
ဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး နိုင်ငံ တော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အခမ်းအနားတက်ရောက် လာကြသူများက သီတဂူ ဆရာတော်ဘုရားကြီးထံမှ ကိုးပါး သီလ ခံယူဆောက်တည်ကြပြီး ဥပါသကာများက ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်ချည်၊ ပရိတ်သဲ များကို သံဃာတော်များထံ ဆက်ကပ်သည်။ ထို့နောက် သံဃာတော်အရှင်သူမြတ်တို့ ရွတ် ပွားချီးမြှင့်တော်မူကြသည့် ပရိတ် တရားတော်များကို နာယူ ကြည်ညိုကြသည်။
ယင်းနောက် ဥပါသကာများ က ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ် ချည်၊ ပရိတ်သဲများကို ယူဆောင်၍ စေတီတော် ပရိဝုဏ်တော်တွင် ပက်ဖျန်းကြဲဖြန့် ချည်နှောင် တားဆီးကာရံကြသည်။
ဆက်ကပ်လှူဒါန်း
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က သဗ္ဗညုဘုရားရှင်အား ရည်မှန်း ထား၍ ရတနာစိန်ဖူးတော်၊ ဌာပနာတော်တို့ကို သံဃာတော် များထံ သာဟတ္ထိကဒါနမြောက် လက်ရောက်ဆက်ကပ်ပူဇော်ပြီး ဆရာတော်ကြီးများအား လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြ သည်။ ထို့နောက် ကောင်စီတွဲဖက် အတွင်းရေးမှူး၊ ကောင်စီဝင်များ၊ ပြည်ထောင်စု ဝန်ကြီးများနှင့် အခမ်းအနား တက်ရောက်လာကြ သူများက လှူဖွယ်ပစ္စည်းများအား သံဃာတော် အရှင်သူမြတ်များထံ ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဝစီပိတ် ဆရာတော်ကြီးထံသို့ ၂၀၂၃ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ် ဖြစ်သည့် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘွဲ့တံဆိပ်တော်ကို ဆက်ကပ်ပူဇော်သည်။
ဆက်လက်၍ သီတဂူ ဆရာတော်ဘုရားကြီးထံမှ အနု မောဒနာ တရားနာယူ၍ လှူဒါန်း မှု အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။
ဂုဏ်ပြုငွေများပေးအပ်ချီးမြှင့်
ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က သတ္တ သတ္တာဟ မဟာဗောဓိ စေတီတော် မြတ်ကြီး တည်ဆောက်ခဲ့သည့် ဗိသုကာ အင်ဂျင်နီယာပညာရှင် များအား ဂုဏ်ပြုငွေများပေးအပ်ချီးမြှင့်သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် ရတနာစိန်ဖူး တော်၊ ဌာပနာတော်နှင့် ရွှေထီး တော်ဘုံအဆင့်ဆင့်တို့ကို မင်္ဂလာ ဝေါယာဉ်တော်ဖြင့် ပင့်ဆောင် ၍ စေတီတော်မြတ်ကြီးအား လက်ယာရစ် လှည့်လည်ပူဇော် ကာ ကုသိုလ်တော်မဏ္ဍပ်ရှေ့ရှိ ခေတ္တအပူဇော်ခံ နေရာသို့ ပို့ဆောင်ကြသည်။
သွင်းလှူပူဇော်
ဆက်လက်၍ ဆရာတော်ကြီး များနှင့် ဘုရားဒါယကာများက အထက်ဌာပနာတော် တိုက်သို့ ကြွရောက်တော်မူကြပြီး မင်္ဂလာ အချိန်တွင် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က အထက်ဌာပနာ တော်များကို သွင်းလှူပူဇော်ပြီး ပရိတ်နံ့သာရည်များဖြင့် ပက်ဖျန်း ပူဇော်သည်။
ထို့နောက် မင်္ဂလာအချိန်တွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်၏ ဇနီးနှင့် အဖွဲ့ဝင်များ၊ အခမ်းအနား တက်ရောက်လာကြ သူများနှင့် ဒေသခံတိုင်းရင်းသား ပြည်သူလူထုတို့က မင်္ဂလာကြိုးဆွဲ ၍ ရတနာစိန်ဖူးတော်၊ ရွှေထီး တော် ဘုံအဆင့်ဆင့်တို့အား မင်္ဂလာရထားပျံဖြင့် စေတီတော် အထွတ်သို့ ပင့်ဆောင်ကြသည်။
ယင်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ က ရတနာစိန်ဖူးတော်၊ ရွှေထီး တော်ဘုံအဆင့်ဆင့်တို့ကို စေတီ တော်အထွတ်၌ တင်လှူပူဇော်၍ ပရိတ်နံ့သာရည်များ ပက်ဖျန်းကြ သည်။ ဆက်လက်၍ ရတနာ စိန်ဖူးတော်၊ ရွှေထီးတော် ဘုံအဆင့်ဆင့် တင်လှူပူဇော် အောင်မြင်ခြင်း အထိမ်းအမှတ် အဖြစ် ရတနာ ရွှေမိုး၊ ငွေမိုးများ ရွာသွန်းဖြိုးကြသည်။
ကပ်လှူပူဇော်
ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က သတ္တ သတ္တာဟ မဟာဗောဓိ စေတီတော် မြတ်ကြီး လိုဏ်တော်အတွင်းရှိ မဟာဗောဓိ ဗုဒ္ဓရုပ်ပွားတော်မြတ် ကြီးအား ရွှေကြာသင်္ကန်း၊ မြသပိတ်ဆွမ်းတော်၊ သစ်သီး၊ ပန်းမန်၊ သောက်တော်ရေချမ်းများ ကပ်လှူပူဇော်သည်။
အလှူတော်ငွေများ ပေးအပ်လှူဒါန်း
ယင်းနောက် သံဃာတော် အရှင်သူမြတ်များက သတ္တ သတ္တာဟ မဟာဗောဓိစေတီတော် မြတ်ကြီးအား ဗုဒ္ဓါဘိသေက အနေကဇာတင်၍ ဗုဒ္ဓါဘိသိတ် သွန်းတော်မူကြပြီး ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ မဟာမင်္ဂလာ အခမ်း အနားကို ရုပ်သိမ်းခဲ့သည်။ ဆက်လက်၍ သီတဂူဆရာတော် ဘုရားကြီးက စေတီတော်မြတ် ကြီး ဧည့်သည်တော်မှတ်တမ်းတွင် မှတ်တမ်းတင် လက်မှတ်ရေးထိုး သည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဘုရား ကြီးအတွက် အလှူတော်ငွေများ ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူ တစ်ဦးက လက်ခံရယူသည်။
ယင်းနောက် သီတဂူဆရာ တော်ဘုရားကြီး အမှူးပြု၍ သတ္တ သတ္တာဟ မဟာဗောဓိ စေတီတော် မြတ်ကြီး
ကမ္ပည်းမော်ကွန်း ကျောက်စာ များကို အမွှေးနံ့သာရည်များ ပက်ဖျန်းပူဇော်ကာ စေတီတော် မြတ်ကြီးရှိ ရွှေခေါင်းလောင်း တော်ကို ကိုးချက်ထိုးခတ်ပူဇော် သည်။
နေ့လယ်စာတည်ခင်းဧည့်ခံ
အခမ်းအနား အပြီးတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်နှင့်ဇနီး၊ အခမ်းအနားတက် ရောက်လာကြသူများသည် ဆရာ တော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြ ကာ တက်ရောက်လာကြသည့် ဧည့်သည်တော်များအား နေ့လယ် စာဖြင့် တည်ခင်းဧည့်ခံကြသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် သတ္တသတ္တာဟ မဟာဗောဓိစေတီတော်မြတ်ကြီး အား ဖူးမြော်ကြည်ညိုပြီး ဧည့်သည် တော်မှတ်တမ်း စာအုပ်တွင် မှတ်တမ်းတင် လက်မှတ်ရေးထိုး ပူဇော်ကြသည်။ ထို့နောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်နှင့် အဖွဲ့ဝင်များသည် အနိမိသသတ္တာဟ အနိမိသစေတီ တော်နှင့် ဗုဒ္ဓဥယျာဉ်တော်အတွင်း ရှိ အဘယရာဇမုနိ ရုပ်ပွားတော် မြတ်ကြီးတို့အား ဖူးမြော်ကြည် ညိုပြီး ပန်း၊ ရေချမ်းကပ်လှူပူဇော် ကြသည်။
ပူဇော်ပြီးစီး
အဆိုပါ ကျိုင်းတုံမြို့ အရှေ့ တောင်ဘက် ၁၅ မိုင်ခန့်အကွာ ပန်ကွဲကျေးရွာအနီးရှိ ဗုဒ္ဓဥယျာဉ် ပရိဝုဏ်တော်အတွင်း၌ အဘယ ရာဇမုနိ ရုပ်ပွားတော်မြတ်ကြီးကို ရှမ်းပြည်နယ်(အရှေ့ပိုင်း) ဒေသ အေးချမ်းသာယာမှုရှိစေရန်၊ ထေရ ဝါဒဗုဒ္ဓဘာသာ တည်တံ့ခိုင်မြဲ စေရန်နှင့် ပြည်တွင်း၊ ပြည်ပမှ ဘုရားဖူးများ လာရောက်ခြင်း ဖြင့် ဒေသဖွံ့ဖြိုးတိုးတက်မှု ကို အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ဦးစွာတည်ထား ကိုးကွယ်ခဲ့ခြင်း ဖြစ်သည်။
ထို့နောက် ပြည်နယ်(အရှေ့ပိုင်း) ဒေသနှင့် အနီးဝန်းကျင်မှ ဒေသခံ တိုင်းရင်းသား ပြည်သူများ၊ ပြည်တွင်း၊ ပြည်ပမှ ဘုရားဖူးများ အနေဖြင့် အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာရှိ သတ္တသတ္တာဟ မဟာဗောဓိ စေတီ တော်မြတ်ကြီးကို ဒေသအတွင်း၌ ပင် ဖူးမြော်နိုင်စေရန် ရည်ရွယ်၍ ယခုသတ္တသတ္တာဟ မဟာဗောဓိ စေတီတော်မြတ်ကြီး ပုံစံတူ စေတီတော်ကြီးအား တည်ထား ကိုးကွယ်နိုင်ရေး ဝစီပိတ်ဆရာ တော်ကြီး ကိုယ်တိုင်ဦးဆောင် ပဓာနကမကထပြုကာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် အမှူးပြု သည့် စေတနာရှင်အလှူရှင်များ၊ ဒေသခံတိုင်းရင်းသားပြည်သူများ ၏ စုပေါင်းလှူဒါန်းမှုများဖြင့် တည်ဆောက်ပူဇော်ပြီးစီးခဲ့ခြင်း ဖြစ်ကြောင်းနှင့် ယနေ့တွင် ရတနာစိန်ဖူးတော် တင်လှူ ပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေက ဇာတင် မဟာမင်္ဂလာ အခမ်းအနား ကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်