ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် ငွေကျပ်သိန်း ၄၀၀၀ တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၅၀ ကီလို ဖမ်းဆီးရမိ

 

နေပြည်တော်  စက်တင်ဘာ  ၁၄ 


ရှမ်းပြည်နယ်အရှေ့ပိုင်း  တာချီလိတ်မြို့နယ်တွင် ငွေကျပ်သိန်း ၄၀၀၀ တန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) ၅၀ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 


မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ  တပ်ဖွဲ့ဝင်များပါဝင် သော  ပူးပေါင်းအဖွဲ့သည်  စက်တင်ဘာ ၁၂ ရက် ညနေ ၄ နာရီခွဲတွင် ရှမ်းပြည်နယ်အရှေ့ပိုင်း    တာချီလိတ်မြို့နယ်   မယ်ဟုတ်  (ရွာသစ်)ကျေးရွာအနီးတွင် မယ်ယန်းကျေးရွာမှ မယ်ဟုတ်(ရွာသစ်)ဘက်သို့ စိုင်းဆိုင်လူမောင်းနှင်လာသည့် Mark-II မော်တော်ယာဉ်ကို သတင်းအရ စစ်ဆေးရန်ရပ်တန့်ခိုင်းစဉ်      မောင်းနှင်ထွက်ပြေးပြီး    လမ်းဘေးခြံ စည်းရိုးအုတ်တံတိုင်းကိုတိုက်မိ၍ ရပ်တန့်သွားသဖြင့် ထိန်းသိမ်းစစ်ဆေး ရှာဖွေရာ  ဒေသကာလတန်ဖိုး  ငွေကျပ်သိန်း ၄၀၀၀ တန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း)  ၅၀  ကီလို  သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းအား ဥပဒေအရအရေးယူထားရှိပြီး      ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။  


 သတင်းစဉ်