
နေပြည်တော် ဧပြီ ၆
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ နဂါးနှစ်ကောင် ကျောင်းတိုက် ဦးစီးပဓာနနာယက နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇ မဟာရဋ္ဌဂုရု၊ အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တ ဓမ္မသီရိ နဂါးနှစ်ကောင် ဆရာ တော်ဘုရားကြီး၏ အန္တိမဈာပန သာဓုကီဠန ပူဇာသဘင်အခမ်း အနားအား ယနေ့ မွန်းလွဲပိုင်းက တာချီလိတ်မြို့၌ ကျင်းပပြုလုပ် သည်။
အဆိုပါ အန္တိမဈာပန သာဓု ကီဠန ပူဇာသဘင်အခမ်းအနား သို့ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ သန်လျင်မင်းကျောင်း ဆရာတော် ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသ အမှူးပြုသည့် ဆရာတော်၊ သံဃာ တော်များ ကြွရောက်ချီးမြှင့်တော် မူကြပြီး ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)၊ ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကောင်စီအဖွဲ့ ဝင်များ၊ ပြည်ထောင်စုဝန်ကြီး များ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့် မြင့် တပ်မတော်အရာရှိကြီးများ၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံပြည်သူ လူထုများ၊ ရပ်မိရပ်ဖများ၊ ဆရာ တော်ဘုရားကြီး၏ ဆွေတော်၊ မျိုးတော်များနှင့် ဖိတ်ကြားထား သော ဧည့်သည်တော်များ စည်ကား သိုက်မြိုက်စွာ တက်ရောက်ပူဇော် ကြသည်။
စိန်ကတ္တီပါ လွှမ်းခြုံ
ဦးစွာ ကြွရောက်တော်မူကြ သည့် ဆရာတော်ဘုရားကြီးများက သံဝေဂသုံးဂါထာကို ရွတ်ဆိုပွားများ ၍ အခမ်းအနားကို ဖွင့်လှစ်ကြ သည်။ ထို့နောက် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ် ကြီး မောင်မောင်အေးနှင့် အခမ်း အနားသို့ တက်ရောက်လာကြ သူများက သန်လျင်မင်းကျောင်း ဆရာတော်ကြီးထံမှ ငါးပါးသီလ ခံယူ ဆောက်တည်ကြသည်။ ယင်းနောက် နဂါးနှစ်ကောင် ကျောင်းတိုက် ဆရာတော်ဘုရား ကြီး၏ ဥတုဇရုပ်ကလာပ်တော် အား စိန်ကတ္တီပါ လွှမ်းခြုံကြပြီး နိုင်ငံတော် သံဃမဟာနာယက အဖွဲ့၊ ရှမ်းပြည်နယ် သံဃ နာယကအဖွဲ့၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ပ ထေရဝါဒ သာသနာပြုအဖွဲ့များမှ ပေးပို့သော သံဝေဂဉာဏ်ပွားတော် မူကြောင်း သဝဏ်လွှာများကို သက်ဆိုင်ရာ ပင့်ဖိတ်ထားသော ဆရာတော်ကြီးများက ဖတ်ကြား ပူဇော်ကြသည်။
တင်လှူပူဇော်
ဆက်လက်၍ နဂါးနှစ်ကောင် ဆရာတော် ဘုရားကြီး၏ ထေရုပ္ပတ္တိကို ဖတ်ကြားပူဇော် ကြပြီး တက်ရောက်လာကြ သည့် ဧည့်သည်တော်ကြီးများက ပံ့သကူသင်္ကန်းနှင့် လှူဖွယ်ပစ္စည်း များကို ဆရာတော်ဘုရားကြီး၏ ရုပ်ကလာပ်တော်အနီး သတ်မှတ် နေရာများတွင် တင်လှူပူဇော်ကြ ကာ သံဃာတော်များက အနိစ္စာ ဝတသင်္ခါရ အစချီသံဝေဂသုံးဂါထာ ကို ရွတ်ဆိုပွားများ၍ ပံ့သကူ သင်္ကန်းအလှူတော်ခံပြီး လှူဒါန်း မှုအတွက် ရေစက်သွန်းချ အမျှပေး ဝေခဲ့ကြသည်။
ထို့နောက် နဂါးနှစ်ကောင် ကျောင်းတိုက် ဆရာတော်ဘုရား ကြီး၏ ဥတုဇရုပ်ကလာပ်တော် အား လောင်တိုက်တော်ပေါ် သို့ ပင့်ဆောင်ကြပြီး ဆရာတော်၊ သံဃာတော်များက အနိစ္စာ ဝတသင်္ခါရာ အစချီသော သံဝေဂ ဂါထာကို ရွတ်ပွားတော်မူကြကာ သာဓုသုံးကြိမ်ခေါ်ဆိုပြီး တေဇော ဓာတ်ဖြင့် မီးပူဇော်ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်