ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံစော်ဘွားဟော်နန်းတည်ဆောက်နေမှု၊ နောင်တုံကန် ကန်ပတ်လမ်းပလက်ဖောင်း ဆောင်ရွက်နေမှု၊ ကျိုင်းဖောင်းတံတားတည်ဆောက်နေမှုနှင့် ကျိုင်းတုံမြို့ မြို့ရှောင်လမ်း တည်ဆောက်နေမှုများ ပြည်နယ်ဝန်ကြီးချုပ် ကြည့်ရှုစစ်ဆေး

 

နေပြည်တော်   ဇူလိုင်   ၃၀


နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ    နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ တိုင်းရင်းသား နယ်စပ်ဒေသများ လျင်မြန်စွာ   ဖွံ့ဖြိုးတိုးတက်စေ ရေးနှင့်    တိုင်းရင်းသားများ၏  ရိုးရာဓလေ့   အဆောက်အဦများ၊ ယဉ်ကျေးမှုရိုးရာ အသုံးအဆောင် များကို ချစ်မြတ်နိုးပြီး ပြန်လည် ထိန်းသိမ်းကာကွယ်စောင့်ရှောက် စေရန်  လမ်းညွှန်ချက်အရ ရှမ်း ပြည်နယ်(အရှေ့ပိုင်း)  ကျိုင်းတုံ မြို့ရှိ ကျိုင်းတုံစော်ဘွားဟော်နန်း ပြန်လည် တည်ဆောက်နေမှုကို ယနေ့တွင်  ရှမ်းပြည်နယ်ဝန်ကြီး ချုပ်   ဒေါက်တာ   ကျော်ထွန်း၊ တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းနှင့် ဌာနဆိုင်ရာ  တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးကြပြီး တာဝန်ရှိ သူများ၏  တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

 


ထို့နောက်   ပြည်နယ် ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိ သူများသည်   ကျိုင်းတုံမြို့ရှိ နောင်တုံကန်   ကန်ပတ်လမ်း ပလက်ဖောင်း ဆောင်ရွက်နေမှု၊ ကျိုင်းတုံ- တောင်ကြီးသွား ကား လမ်းပေါ်ရှိ         နမ့်ခင်ချောင်းကို ဖြတ်ကူးသည့်     ကျိုင်းဖောင်း တံတား တည်ဆောက်နေမှုနှင့် ကျိုင်းတုံမြို့       မြို့ရှောင်လမ်း ဖောက်လုပ်နေမှုတို့ကို   လိုက်လံ ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူ များ၏  တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူး တို့က လိုအပ်သည်များပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။      

သတင်းစဉ်