ရှမ်းပြည်နယ်အစိုးရအဖွဲ့ PNO အသွင်ပြောင်းပြည်သူ့စစ်(ဌာနေ)အဖွဲ့သို့ စားသောက်ဖွယ်ရာများ ထောက်ပံ့

 

တောင်ကြီး    စက်တင်ဘာ    ၁၆


ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ   PNO   အသွင်ပြောင်း ပြည်သူ့စစ်(ဌာနေ)အဖွဲ့သို့ အစားအသောက်ပစ္စည်း များ  ထောက်ပံ့ပေးအပ်ပွဲနှင့်  ရှမ်းပြည်နယ်အတွင်း ကိုဗစ်-၁၉   ကာကွယ်၊   ထိန်းချုပ်၊    ကုသရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက်  အလှူရှင် များမှ   ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ အလှူငွေများ ပေးအပ်လှူဒါန်းပွဲကို     ယနေ့နံနက်ပိုင်းက တောင်ကြီးမြို့  ပြည်နယ်အစိုးရရုံး  အစည်းအဝေး ခန်းမ၌ ကျင်းပသည်။ 


အခမ်းအနားတွင်         ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်းက   ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ PNO အသွင်ပြောင်းပြည်သူ့စစ်(ဌာနေ)အဖွဲ့များသို့ ပေးအပ်သည့် အစားအသောက် ပစ္စည်းများဖြစ်သည့် ဆန်၊ ဆီတို့ကို    ပေးအပ်ရာ PNO   အသွင်ပြောင်း ပြည်သူ့စစ်(ဌာနေ)အဖွဲ့မှ တာဝန်ရှိသူများက လက်ခံ ယူသည်။ (ယာပုံ)   ထို့နောက်   အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် နီလင်းအောင်က ကြက်ဥ၊ ဆား၊ ငါးခြောက်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး  ဗိုလ်မှူးကြီး လှဦးက နှာခေါင်းစည်း အခု ရေ ၂၀၀၀၀ တို့ကို ပေးအပ်သည်။ 


ယင်းနောက်    ရှမ်းပြည်နယ်အတွင်း   ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက်     ရှမ်း(တောင်)  သတ္တု လုပ်ငန်းရှင်များအသင်းက  ငွေကျပ်သိန်း ၁၀၀၊ PNO အသွင်ပြောင်း ပြည်သူ့စစ်(ဌာနေ)အဖွဲ့က    ငွေကျပ် ၁၀ သိန်း ပေးအပ်လှူဒါန်းရာ   ပြည်နယ်ဝန်ကြီးချုပ် က    လက်ခံယူ၍   ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။


အဆိုပါ အဖွဲ့သို့ ဆန် ၅၁ အိတ်၊ ဆီ ၁၃၅ ပိဿာ၊ ငါးခြောက် ၁၃၅ ပိဿာ၊     ကြက်ဥအလုံး ၅၄၀၀ စုစုပေါင်း တန်ဖိုးငွေကျပ် ၆၇၅၀၀၀၀ နှင့်    နှာခေါင်း စည်း   အခုရေ ၂၀၀၀၀တို့အား  ထောက်ပံ့ပေးအပ် ကြောင်း သိရသည်။  

မောင်မောင်သန်း(တောင်ကြီး)