ရှမ်းပြည်နယ် ဝန်ကြီးချုပ်နှင့်အဖွဲ့ သီပေါမြို့ ရှေးဟောင်းသမိုင်းဝင်ပေါ်ကြိုဘုရားကြီး ဖူးမြော်

 

သီပေါ စက်တင်ဘာ ၉


ရှမ်းပြည်နယ်       ဝန်ကြီးချုပ် ဒေါက်တာ   ကျော်ထွန်းသည် ပြည်နယ်အဆင့် တာဝန်ရှိသူများ နှင့်အတူ      ယနေ့ညနေပိုင်းက    ရှမ်းပြည်နယ်    (မြောက်ပိုင်း)     သီပေါမြို့နယ်   ပေါ်ကြိုကျေးရွာရှိ   ရှေးဟောင်းသမိုင်းဝင်   ပေါ်ကြို ဘုရားကြီးအား ဝင်ရောက်ဖူးမြော် ရာ   မြို့နယ်စီမံ  အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ       ဦးအောင်စိုးဝင်းနှင့်   ဘုရားကြီး‌ဂေါပက ဥက္ကဋ္ဌ   ဦးဆန် စိုင်းသာညွန့်တို့က         ကြိုဆို    ကြသည်။


ထို့နောက် ပေါ်ကြိုဘုရားကြီး ဂေါပကဥက္ကဋ္ဌ ဦးဆန်စိုင်းသာညွန့် က ဘုရားကြီး၏ သမိုင်းကြောင်း များနှင့် ဘုရားကြီးပရိဝုဏ်အတွင်း တည်ဆောက်လျက်ရှိသော  မဟာ သာသနာ့ဗိမာန်တော်ကြီး ဆောင် ရွက်ပြီးစီးမှု   အခြေအနေများကို ရှင်းလင်းတင်ပြသည်။  ရှမ်းပြည် နယ်   ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘုရားကြီးမုခ်လေးမုခ်၌ ကိန်းဝပ် စံပယ်လျက်ရှိသော        ရတနာ မာန်အောင်၊      ရတနာဉာဏ်  အောင်၊    ရတနာဈာန်အောင်နှင့် ဖောင်တော်ဦး  မြတ်ဘုရားလေးဆူ အား   ဖူးမြော်ကြည်ညို၍  မဟာ သာသနာ့    ဗိမာန်တော်ကြီး အတွက် အလှူငွေကျပ်   ၁၂သိန်း ကို    ဂေါပကဥက္ကဋ္ဌထံပေးအပ် လှူဒါန်းပြီး      ဂေါပကအဖွဲ့မှ ပန်းပေါင်းစုံဖြင့် ထုလုပ်ထားသော ဘုရားကြီး၏   ကိုယ်ပွားဆင်းတု တော်လေးဆူကို ဓမ္မဒါနအဖြစ်နှင့် ဘုရားကြီး၏    သမိုင်းစာအုပ်၊  ဂုဏ်ပြုလွှာများကို     ပြန်လည် ပေးအပ်ကြောင်း   သိရသည်။        

            
စိုင်း(သီပေါ)