
တောင်ကြီး သြဂုတ် ၃
ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်နီလင်း အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက် ၉ နာရီက တောင်ကြီးမြို့ မူလမင်းကွန်းပရိယတ္တိ စာသင်တိုက်၌ ရဟန်းသံဃာတော်များ၊ သာမဏေများ၊ သီလရှင် ဆရာလေးများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံပေးနေမှုကို ကြည့်ရှုအားပေးကြကြောင်း သိရသည်။
ဆက်လက်ထိုးပေးသွားမည်
အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံ ပေးနေမှုတွင် မူလမင်းကွန်း ပရိယတ္တိစာသင်တိုက် ၌ တောင်ကြီးမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း ၁၃ ကျောင်းမှ ရဟန်းသံဃာတော် ၁၁၃ ပါး၊ သာမဏေ ၇၂ ပါးနှင့် သီလရှင် ဆရာလေးခုနစ်ပါးကို ကာကွယ် ဆေးထိုးနှံပေးခဲ့ပြီး ကျန်ရှိသည့်ကျောင်းများကို လည်း ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကြည့်ရှုအားပေး
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန် ရှိသူများသည် တောင်ကြီးမြို့ မြိုတော်ခန်းမ၌ အသက် ၆၅ နှစ်နှင့်အထက် အဘိုးအဘွားများ၊ ကျန်းမာရေးဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းအဖွဲ့များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးနေမှုကို ကြည့်ရှုအားပေးခဲ့ ကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)